မွေးကင်းစမှ ခြောက်လအတွင်း ကလေးငယ်များ အိပ်နေစဉ် သေဆုံးမှုမှ ကာကွယ်ရန် မိဘများနှင့်အတူ တစ်ခန်းထဲသာ အိပ်သင့်

တရုတ်နိုင်ငံ ကျန်းစုပြည်နယ် ဆေးရုံရှိ ကလေးကုတင်ပေါ်၌ အိပ်နေသည့် ကလေးငယ်အား တွေ့ရစဉ် (ဆင်ဟွာ)
ဝါရှင်တန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

    ကလေးငယ်များအား အိပ်နေစဉ် ရုတ်တရက် သေဆုံးမှု (Sudden Infant Death Syndrome= SIDS) မှ ကာကွယ်ရန် မွေးကင်းစမှ ခြောက်လအထိ မိဘများနှင့် တစ်ခန်းထဲ အိပ်ယာခွဲပြီး သိပ်သင့်ကြောင်း အမေရိကန် ကလေးပြုစုရေး သင်တန်းကျောင်း (AAP) က အောက်တိုဘာလ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာ အသစ်တစ်ခုအရ သိရသည်။

မိဘများအနေဖြင့် ကလေးငယ်များ၏ အိပ်ယာ သို့မဟုတ် ကလေးပုခက်အား အိပ်ယာနှင့် ကွက်တိဖြစ်သော အိပ်ယာခင်းဖြင့်သာ ပြင်ဆင်သင့်ပြီး ပုခက် ဘန်ပါများ၊ စောင်များ၊ ခေါင်းအုံးများနှင့် အရုပ်ပျော့များ ပါဝင်သည့် အိပ်ယာပြင်ဆင်မှုများအား ရှောင်ရှားသင့်ကြောင်း AAP က ပြောကြားသည်။

“ကလေးငယ်တွေကို ဆိုဖာ၊ ကွပ်ပျစ်၊ ကူရှင်တပ်ထားသည့် ထိုင်ခုံ စတဲ့ နေရာတွေပေါ်မှာ တစ်ယောက်ထဲ ဒါမှမဟုတ် အခြားသူ တစ်ဦးနဲ့အတူ တွဲပြီး သိပ်မထားသင့်ဘူး၊ အဲဒီနေရာတွေက ကလေးငယ်တွေအတွက် တကယ်ကို အန္တရာယ်များပါတယ်” ဟု AAP ၏ အစီရင်ခံစာအား ဦးဆောင်ရေးသားသူ ရစ်ချယ်မွန်းက ပြောသည်။

ကလေးငယ် အိပ်နေစဉ် ရုတ်တရက် သေဆုံးမှုမှ ကာကွယ်နိုင်ရန် မိခင်နို့ တိုက်ကျွေးရန်လည်း အစီရင်ခံစာက ထောက်ခံထားပြီး မိခင်နို့ တိုက်ကျွေးပြီးပါက မိဘများ၏ အိပ်ခန်းအတွင်းက ၎င်းတို့၏ သီးသန့် အိပ်ယာ၌ ပြန်လည် သိပ်ထားသင့်သည်။ အကယ်၍ မိခင်အနေဖြင့် ကလေးငယ်အား အိပ်ယာပေါ်တွင် နို့တိုက်ရင်း အိပ်ပျော်သွားခဲ့ပါက အိပ်ယာမှ နိုးလျှင်နိုးချင်း ကလေး ပုခက်ပေါ်သို့ ပြန်တင်ပေးသင့်ကြောင်း၊ ကလေးပုခက်ထဲတွင် ခေါင်းအုံးများ၊ စောင်များ အပါအဝင် ကလေး အသက်ရှူကြပ်စေမည့် အခြား မည်သည့်အရာများမှ ထည့်သွင်း မထားသင့်ပေ။

SIDS သည် အသက် တစ်နှစ်အောက်ကလေးငယ်များ အကြောင်းပြချက် ရေရေရာရာမရှိဘဲ ကျန်းမာသည့် ကလေးငယ်ပင် ဖြစ်လင့်ကစား အိပ်နေစဉ် သေဆုံးခြင်း ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံတွင် ထိုသို့ ကလေးငယ် သေဆုံးမှုမှာ နှစ်စဉ် ၁၅၀၀ ခန့်ရှိကြောင်း သိရကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာထံမှ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မွေးကင်းစမှ ခြောက်လအတွင်း ကလေးငယ်များ အိပ်နေစဉ် သေဆုံးမှုမှ ကာကွယ်ရန် မိဘများနှင့်အတူ တစ်ခန်းထဲသာ အိပ်သင့် မွေးကင်းစမှ ခြောက်လအတွင်း ကလေးငယ်များ အိပ်နေစဉ် သေဆုံးမှုမှ ကာကွယ်ရန် မိဘများနှင့်အတူ တစ်ခန်းထဲသာ အိပ်သင့် Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.