နေပြည်တော် အောက်တိုဘာ ၁၉
တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၈ ရက် နံနက် ၉ နာရီခန့်တွင် ငါးခူရကျေးရွာတစ်ဝိုက် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ငါးခူရရဲစခန်းအား အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် မူစတာအာမတ် (ဘ) စော်ကိန်းအာမတ်အား ဖမ်းဆီးရမိခဲ့သည်။
ယနေ့ ညနေပိုင်းတွင် ငါးခူရကျေးရွာအုပ်စု အလယ်ရွာ၌ အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် ဂျီနားခမ်း(ဘ) တော်လီနူ အာလောင်၊ ဆီဒီအာမတ်(ဘ)အာယု၊ ရှားအာလောင် (ဘ) မာမတ်အာလောင်၊ အဏ္ဏ၀ါ(ဘ)ရုရှား၊ အဏ္ဏ၀ါ(ဘ)အစ္စလာမ်၊ အဏ္ဏ၀ါ(ဘ) ဟူဆိန်းအာမတ်၊ အဏ္ဏ၀ါ (ဘ) ဖွယ်ယော့အာမတ်၊ ဒီဆုအာလီ(ဘ) မာမွန်ရော်ဖီ၊ အဒုဇော်ကော်(ဘ) အာမောက် အာလီနှင့် ခင်မောင်ထွန်း (ဘ)ဒီဒါအာမတ်တို့ကို ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ယနေ့ မွန်းလွဲပိုင်းတွင် ငါးခူရ အလယ်ရွာမှ ထွက်ပြေး တိမ်းရှောင်နေသော ကေဖိုက်တူလာ၏ နေအိမ်အား ၀င်ရောက် ရှင်းလင်းရာ တစ်လုံးထိုးခေါက် သေနတ် ၁ လက်နှင့် ၎င်းကျည် ၁၁ တောင့်တို့ကို သိမ်းဆည်းရမိ ခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူ ၁၁ ဦးအား အသေးစိတ် မေးမြန်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မောင်တောဒေသ အကြမ်းဖက်စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်သူ ၁၁ ဦးနှင့် လက်နက် ၁ လက် ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
21:55
Rating:
