မဲဇာမြစ်အတွင်း ရဲအရာရှိတစ်ဦးနှင့် သေနတ်တစ်လက် ရေထဲကျ၍ ပျောက်ဆုံးနေ


 သစ်ဖောင်လိုက်သည့် ရဲစက်လှေတိမ်းမှောက်သဖြင့် ရဲအရာရှိတစ်ဦးနှင့် သေနတ်တစ်လက် ရေထဲကျ၍ ပျောက်ဆုံးနေ
မုံရွာ၊ အောက်တိုဘာ ၁၁ ရက်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်တော်မြို့နယ်၊ မဲဇာမြစ်အတွင်း အောက်တိုဘာ ၁၁ ရက် မနက် ၁ နာရီခွဲအချိန်ခန့်က ရဲစက်လှေတစ်စီးသည် တရားမ၀င်သစ်ခိုးထုတ်သည့် သစ်ဖောင်တစ်စင်းအား လိုက်လံဖမ်းဆီးခဲ့ရာတွင် စက်လှေတိမ်းမှောက်ခဲ့ပြီး ဒုရဲအုပ် ရာထူးအဆင့်ရှိ ရဲအရာရှိတစ်ဦးမှာ သေနတ်တစ်လက်နှင့်အတူ ရေထဲကျ၍ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ပျောက်ဆုံးနေသော ရဲအရာရှိမှာ ယခင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရလက်ထက် ၀န်ကြီးချုပ် ဦးသာအေး၏ သက်တော်စောင့် အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ၀ဏ္ဏဆွေ ဆိုသူဖြစ်ကြောင်း သိရသည်။

၎င်း ရဲအရာရှိသည် မဲဇာမြစ်ကူးတံတား လုံခြုံရေး ရဲကင်းစခန်း (ဖော်ပြပါ ဓာတ်ပုံ) တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး သဘာဝသစ်တောသယံဇာတ ထိန်းသိမ်းကာကွယ်ရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် သစ်ဖောင်တစ်စင်းအား လိုက်လံဖမ်းဆီးသည့်အခါ စက်လှေမှောက်ခဲ့ပြီး ၁၂ဗို့ ချေမှုန်ရေး သေနတ်တစ်လက်နှင့်အတူ မဲဇာမြစ်အတွင်း နစ်မြုတ်ပျောက်ဆုံးနေခြင်းဖြစ်သည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
မဲဇာမြစ်အတွင်း ရဲအရာရှိတစ်ဦးနှင့် သေနတ်တစ်လက် ရေထဲကျ၍ ပျောက်ဆုံးနေ မဲဇာမြစ်အတွင်း ရဲအရာရှိတစ်ဦးနှင့် သေနတ်တစ်လက် ရေထဲကျ၍ ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 08:42 Rating: 5
Powered by Blogger.