ရန်ကုန်၊ အောက်တိုဘာ ၁၂
၁၂.၁၀.၂၀၁၆ ရက်နေ့ ၁၇၂၀ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊
အမှတ်(၂၇)ရပ်ကွက်၊ လှော်ကားကျေးရွာ၊ အမှတ်(၄)လမ်းမကြီးနှင့်
ဝါးတရာလမ်းဆုံရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ
ကျောင်းဆောင်ဟောင်းတွင် စာရေးခုံအဟောင်းများနှင့် စာရွက်စာတမ်း
အဟောင်းများအား အချိန်ကြာမြင့်စွာစုပုံထားရှိရာမှ အပူအောင်းပြီး
မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
မီးလောင်ရာသို့ တာဝန်ရှိသူများနှင့် မီးသတ်ယာဉ်များရောက်ရှိ ငြှိမ်းသတ်
ခဲ့၍ ၁၈၀၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကျောင်းသုံးပစ္စည်းဟောင်း
များနှင့် စာရွက်စာတမ်းအဟောင်းများ ပေါ့ဆစွာသိမ်းဆည်းထားရှိသည့်
ကျောင်းစောင့်ဖြစ်သူ ဦးမင်းမင်းငြိမ်းအား လှော်ကားနယ်မြေရဲစခန်း
(ပ)၆၀၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
ရွှေပြည်သာမြို့နယ်ရှိ အလက(၁)ကျောင်းတွင် မီးလောင်မှုဖြစ်
Reviewed by THITHTOOLWIN
on
02:13
Rating:
