အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၄ ဦးထပ်မံ ဖမ်းဆီးရမိ


တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၄ ဦးထပ်မံ ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ ၁၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရီဒါးကျေးရွာတစ်ဝိုက် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်၌ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ကော်လီမူလာ(ဘ) အာဘူဟာရှိန်း၊ ကော်မာလူဟူဒါး(ဘ) လော်လီမူလာ၊ နုဒူဟူဒါး(ဘ)ကော်လီမူလာနှင့် ဟာဘူတာရှိန်း(ဘ) ကော်လီမူလာတို့ ၄ ဦးအားဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၄ ဦးအား ကြိမ်ချောင်းရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး သတင်းဆက်ရရှိရေး စစ်ဆေးမေးမြန်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၄ ဦးထပ်မံ ဖမ်းဆီးရမိ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၄ ဦးထပ်မံ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 23:51 Rating: 5
Powered by Blogger.