![]() |
IS ရဲ့ ခုခံ တိုက်ခိုက်မှု ပိုမို ပြင်းထန် လာနိုင် ကြောင်း ကိုလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး က သတိပေး |
ဒါပေမယ့် မိုဆူးလ် မြို့အနား ကို အီရတ် တပ်ဖွဲ့တွေ နီးကပ် လာတာနဲ့ အမျှ IS ရဲ့ ခုခံ တိုက်ခိုက်မှု ပိုမို ပြင်းထန် လာနိုင် ကြောင်း ကိုလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး က သတိပေး ပြောကြား ခဲ့ပါတယ်။
အစောပိုင်း အချိန်တွေတုန်းက IS အဖွဲ့ဟာ မိုဆူးလ် မြို့တောင်ဘက် မှာ အရပ်သား တွေကို သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ အစီရင်ခံစာ တွေလည်း ထွက်ပေါ် လာပါတယ်။
ထွက်ပေါ်လာတဲ့ အစီရင် ခံစာတွေကို ကုလသဂ္ဂ အဖွဲ့ကြီးက အတည်ပြု နိုင်ဖို့ ကြိုးစား နေပြီး IS အဖွဲ့ဟာ လူတွေ ကြောက်လန့်စေဖို့ ရည်ရွယ်ချက်နဲ့ အရပ်သား ၁၅ ယောက်ကို သတ်ပြီး မြစ်ထဲကို စွန့်ပစ်ခဲ့ကြတာ ဖြစ်တယ်လို့ သတင်းပေးပို့မှု တွေ အရ သိရပါတယ်။
BBC Burmese
http://www.bbc.com/burmese
မိုဆူးလ် ထိုးစစ် အောင်မြင်မှုရနေကြောင်း အမေရိကန် ပြော
Reviewed by THITHTOOLWIN
on
08:35
Rating:
