ဘုန်းကြီးကို ဓားဖြင့်ထိုး၍ ငွေ ၂၈ သိန်း လုယက်သူဟု သံသယရှိသူအား ရဲက ဖမ်းဆီး


နိရဉ္စရာ ၊ အောက်တိုဘာလ ၃၁

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သက်တော် ၆၈ နှစ် ၀ါတော် ၁၆ ၀ါရှိ ဘုန်းတော်ကြီး တစ်ပါးအား ဓါးဖြင့် ထိုးပြီး ငွေ ၂၈ သိန်း လုယက်သွားသူများထဲမှ သံသယ ရှိသူ တစ်ဦးကို ရဲက ဖမ်းဆီး စစ်ဆေးနေကြောင်း သတင်းရရှိသည်။

" အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပုဒ်မ ၃၉၇ နဲ့အမှုဖွင့်ထားပါတယ်။ အခုချိန်ထိတော့ တရားခံကို မဖော် ထုတ်နိုင်သေးဘူး။ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးနေပါတယ်။ သံသယရှိတဲ့ လူတစ်ဦး ဖမ်းဆီး ချုပ်နှောင်ထားပြီး စစ်ဆေးနေပါတယ်" ဟုအမှတ် ၂ စခန်းမှူး ရဲအုပ် အောင်မြင့်ဦးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်ရှိ သစ္စာအောင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးပညာပါလ သက်တော် (၆၈) နှစ် ၀ါတော် (၁၆) ၀ါ အား အောက်တိုဘာ ၂၈ ရက်နေ့ ည ၁၁ နာရီခန့်တွင် လူတစ်စုမှ ဓာထိုးပြီး ငွေ ၂၈ သိန်းအား လုယက်ခံခဲ့သည်။

“ ဖြစ်စဉ်က ဒီလ ၂၈ ရက် ည ၁၁ နာရီခန့်မှာ ဆင်ကူးလမ်းရပ်ကွက်ရှိ သစ္စာအောင် ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးပညာပါလ ကျိန်း (အိပ်) နေပါတယ်။ အမည်မသိ လူ ၄ ဦးက ကျောင်းထဲသို့ဝင်လာပြီး ဆရာတော်ကို ဆွဲထူ၍ မျက်နှာကိုဓာတ်မီးထိုးပြီး ကြိုးဖြင့်တုပ်နှောင်နေစဉ်မှာ ဆရာတော်က အော်ဖို့ကြိုးစားတဲ့ အတွက် ပါးစပ်ကိုပိတ်ပြီး ဓားဖြင့်ထိုးပါတယ်။ ငွေကျပ် ၂၈ သိန်းကို ယူဆောင်သွားပါတယ်” ဟု ရဲအုပ်ကဆိုသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုကိုဖော်ထုတ်နိုင်ရန် စစ်တွေမြို့ အမှတ်၂ ရဲစခန်းမှ သံသယရှိသူများအား ခေါ်ယူမေးမြန်းစစ်ဆေးနေခြင်း ဖြစ်သည်။

ဓားထိုးခံရမှုကြောင့် ဆရာတော်၏ ကျောရိုးတွင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ဘယ်ဖက်နံဘေးတွင် ပြတ်ရှ ရှဒဏ်ရာနှစ်ချက် ရရှိပြီး စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

ဖြူနှင်းဝေ၊ စစ်တွေ။
Narinjara
https://www.facebook.com/Narinjara
ဘုန်းကြီးကို ဓားဖြင့်ထိုး၍ ငွေ ၂၈ သိန်း လုယက်သူဟု သံသယရှိသူအား ရဲက ဖမ်းဆီး  ဘုန်းကြီးကို ဓားဖြင့်ထိုး၍ ငွေ ၂၈ သိန်း လုယက်သူဟု သံသယရှိသူအား ရဲက ဖမ်းဆီး Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.