ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံ


ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ဟာ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ ပတ်ဂွန်ဟေးနဲ့ မနေ့က ကိုရီးယားသမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

 ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံအစိုးရချင်း၊ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေ၊ လွှတ်တော်ရဲ့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တာတွေကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

 ဒီတွေ့ဆုံပွဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့အတူ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ တောင်သူလယ်သမားနှင့်‌ အလုပ်သမား ရေးရာကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဦးလှထွန်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ အေဇင်လတ် နဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သူရဦးသက်ဦးမောင်တို့ တက်ရောက်ခဲ့ကြပါတယ်။

 ဒါ့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နဲ့ အဖွဲ့ဟာ ကိုရီးယားနိုင်ငံက စွန့်ပစ်ပစ္စည်းအမှိုက်တွေက စွမ်းအင်ထုတ်လုပ်ပေးနေတဲ့ Gang Nam Resource Recovery Facility ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံ  ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံ Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.