မိုင်းလားနယ်မြေအတွင်းမှ ဝ တပ်ဖွဲ့များတပ်မဆုတ်သေးသည့်အတွက် စစ်ရေးပြေလျှော့မှုမရှိသေး


အောက်တိုဘာ ၂၆ ရက် ၂၀၁၆

သျှမ်းပြည်အရှေ့အပိုင်း ကျိုင်းတုံခရိုင် မိုင်းလားမြို့နယ် အတွင်း ရောက်ရှိ အခြေချ နေသည့် ဝ ပြည် သွေး စည်းညီညွတ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များ တပ်ပြန်ရုပ်ခြင်းမရှိသေးသည့်အတွက် တပ်မတော် အစိုးရ နှင့် စစ်ရေးပြေေ လျှာ့ မှုမရှိသေးဟု ဒေသအတွင်းသတင်းရပ်ကွက်ကပြောသည်။

အောက်တိုဘာ ၂၆ ရက်တွင် ၀ တပ်ဖွဲ့များ မိုင်းလားနယ်မြေအတွင်းမှ တပ်ရုပ်ပြန်ရန် ကျိုင်းတုံအ ခြေစိုက် တြိဂံတိုင်းမှ ပေးပို့သောရာဇသံမှာ နှစ်ရက် လွန်လာပြီဖြစ်သော်လည်း ၀ တပ်ဖွဲ့မှ တပ်ရုပ်ပြန် ခြင်း မရှိသေးသဖြင့်၊ တြိဂံတိုင်းစစ်ဒေသအတွင်း ကြည်းတပ် ၊ လေတပ်များ စစ်ရေး အသင့်အနေ အထား ရှိနေ ကြောင်း၊ အထက်ညွှန်ကြားချက်သာ စောင့်ဆိုင်းနေကြောင်း တြိဂံတိုင်းစစ်ဌာန ချုပ်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

“မိုင်းခတ်ဘက်မှာ ၊ တာပင်းဂိတ်မှာ မိုင်းယောင်း လွယ်လန့်ဖှ ဟင်ချိုေ တာင်ကြော ဘက်မှာ တပ်မ တော် ဘက်က အင်အားအလုံးအရင်ြး ဖည့် ထားတယ်။ သံချပ်ကာကားတွေ၊ တင့်ကားတွေပါတယ်လို့ သတင်းရတယ်။ ဝ တပ်ဖွဲ့တွေ တပ်မဆုတ်သေးဘူး။ တိုက်ပွဲမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ ကျနော်တို့တပ်မှူးတွေ ၀ ခေါင်းဆောင်တွေနဲ့ သွားတွေ့နေတယ်။ မနေ့ကတည်းက ပြန်မလာသေးဘူး။ ၀ ကို တပ်မတော်လာတိုက်ရင် ကျနော်တို့ လူထု ဘဲ ခံရမှာလေ တိုက်ပွဲ မဖြစ်စေလိုဘူး။ ကြားက နေခံရမှာက ကျနော်တို့” - ဟု မိုင်းလား၏ အမှတ် ၉၁၁ တပ်မဟာ လက်အောက်ခံ ဗိုလ်အားပွေ က ပြောသည်။

မိုင်းယန်းမြို့နယ် မိုင်းပေါက်အခြေစိုက် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ် မတော် UWSA တပ်မဟာ ၄၆၈ တပ်မှူး ပေါက်အိုက်ပန်း ဦးဆောင်သည့် စစ်သည်အင်အား ၁၀၀၀ ခန့်က အထူးဒေသ ၄ အမျိုး သား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA အမည်ရ မိုင်းလားတပ်ဖွဲ့ထိန်းချုပ် နယ်မြေအတွင်း စက်တင်ဘာ ၂၈ ရက်နေ့ က ဝင်ရောက်လာကာ ခိုဆုန်ဂိတ်စခန်း၊ ဝမ့်နောင်ဟုတ် ဂိတ်စခန်း၊ လွယ်ဆမ်ဆုံ(တောင်) စခန်း၊ လွယ်ကျူဆိုင်း(တောင်) စခန်းတို့အား ယနေ့တိုင်သိမ်းပိုက်ထားသည်။

“ခင်ဗျားတို့ပြောတဲ့ - သတင်းတွေအတိုင်း တပ်တွေ အကုန်နှုတ်တယ် ဆိုတဲ့အဆင့်တော့မဟုတ်ဘူး။ ကျနော်တို့ စစ်အင်အားတွေ လျှော့ချတာ။ တပ်နှုတ်မိန့်မရဘူး။ နှုတ်ရင် တခြားတပ်တွေ လာစိုက်။ ကျနော်တို့ နဲ့ မိုင်းလားတို့ကြား ရှုပ်သွားကုန်နိုင်တယ်” - ဟု ၀ အရာရှိ တဦးဖြစ် သည့် လော်ဆိုင်းနပ် က ပြောသည်။

ထို့အတူ တောင်ပိုင်း နယ်တွင်လည်း စစ်ရေးပြေလျှော့မှုမရှိသေးကြောင်း၊ ဝ ရဲဘော်ဟောင်းများ၊ ခွင့်ပြန်များအားလုံး တပ်တွင်းပြန်ဝင်နေကြောင်း၊ တပ်စခန်း ငယ်အချို့အားလည်း ၀ တပ်ဖွဲ့များ ပြန်နှုတ်ကာ ရှေ့တန်းကျ တပ်စခန်းကြီးများ ဆီသို့ အင်အားဖြည့်နေကြောင်း၊ ဝ အရပ်သူအရပ်သားများ အားလည်း တပ်မှ ဝင်ထွက် သွားလာခွင့် ဟန့်တားထားကြောင်း ကြားသိရ ပါသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA သည် ၁၉၈၉ က ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ စစ်အစိုးရထံ ငြိမ်းချမ်းရေးရယူပြီး သျှမ်းပြည်နယ် သံလွင်အရှေ့ခြမ်း ပန်ဝိုင်၊ နားဖန်း၊ မိုင်းမော၊ ပန်ဆန်း ခေါ် ပန်ခမ်း စသည့်မြို့နယ်များအား ခြေကုပ်ကာ အင်အားကြီးထွားလာသည့် သျှမ်းပြည်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည်။ ၀ တပ်ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့တို့သည် ဦးသိန်းစိန်အစိုးရ နှင့် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထား သည့် တပ်ဖွဲ့များဖြစ်ကြသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ