မြောက်ကိုရီးယားက ရက်သတ္တတစ်ပတ်အတွင်း ဒုတိယအကြိမ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟုဆို


ဆိုးလ်၊ အောက်တိုဘာ-၂၀

မြောက်ကိုရီးယားက နောက်ထပ် မအောင်မြင်သော တာလတ်ပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

ယင်းမှာ ရက်သတ္တတစ်ပတ်တာအတွင်း မြောက်ကိုရီးယား၏ ဒုတိယအကြိမ်မြောက် မအောင်မြင်သော စမ်းသပ်မှုပင်ဖြစ်သည်ဟု ဆိုသည်။ မကြာသေးမီကလည်း ကီလိုမီတာ ၄၀၀၀ (၂၅၀၀မိုင်)အထိ ပစ်ခတ်နိုင်သည့် မူဆူဒန်ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့သေးသည်။

ထိုဒုံးကျည်မှာ ဂူအန်လောက်အထိ ဝေးကွာသည့် အမေရိကန်စစ်စခန်းများကို ပစ်ခတ်နိုင်စွမ်းရှိသည်ဟု ဆိုသည်။

မြောက်ကိုရီးယားက ယခုနှစ်တွင် ဒုံးကျည်စမ်းသပ်မှုပေါင်း ၈ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သော်လည်း တစ်ကြိမ်သာ အောင်မြင်မှုရသေးသည်။

သို့ရာတွင် နောက်နှစ်အစောပိုင်းလောက်တွင် အောင်မြင်လာဖွယ်ရှိသောကြောင့် ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်ဟု ဆိုသည်။

အမေရိကန်ကမူ ဒုံးကျည်စမ်းသပ်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး နောက်ထပ် ရန်စမှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအား ပဲ့ထိန်းဒုံးကျည် (သို့မဟုတ်) နျူကလီးယားနည်းပညာ အသုံးပြုမှုကို ပိတ်ပင်ထားသည့် ကုလသမဂ္ဂကလည်း ပြုံယမ်း၏ နောက်ဆုံးစမ်းသပ်မှုကို ဆန့်ကျင်ရှုတ်ချခဲ့သည်။

ဘီဘီစီ
china.com Myanmar
https://www.facebook.com/china.com.mm
မြောက်ကိုရီးယားက ရက်သတ္တတစ်ပတ်အတွင်း ဒုတိယအကြိမ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟုဆို  မြောက်ကိုရီးယားက ရက်သတ္တတစ်ပတ်အတွင်း ဒုတိယအကြိမ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟုဆို Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.