ပေါင်၊ အောက်တိုဘာ ၁၇
ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာလမ်းပေါ်တွင် ၀မ်းတွင်းမြို့မှ လာသော ဘုရားဖူးယာဉ်တစ်စီး အောက်တိုဘာလ (၁၇)ရက်နေ့ ယနေ့မနက်အစောပိုင်းက တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကျိုက်ခမီရေလည်ဘုရားကြီး၏ ဘုရားပွဲသို့လာသော ၀မ်းတွင်းမြို့မှ ဘုရားဖူး ယာဉ် လိုက်ထရက် (8K/2275) သည် ယနေ့မနက်(၅)နာရီခန့်က ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာကားလမ်းမကြီးပေါ်၌ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ(၁၈)ဦး ဒဏ်ရာရခဲ့ကာ ယာဉ်နောက်လိုက်ဖြစ်သူ ဦးဌေးအောင်(၅၀)နှစ်မှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာပြင်းထန်နှစ်ဦးကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကျန်သူများကိုမူ ပေါင်ဆေးရုံသို့ တင်ပို့ခဲ့သည်။
အမှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းသူအား ပေါင်ရဲစခန်းက ထိန်းသိမ်းထားပြီး (ပ)၆၅/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၃ က /၃၃၈/၃၃၇ ဒုရဲအုပ်အောင်မိုးကျော်က တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရသည်။
သတင်းနှင့် ဓါတ်ပုံ - ၀ရဇိန် (ပေါင်)
Than Lwin Times
https://www.facebook.com/thanlwintimes9
ကျိုက်ခမီသွား ဘုရားဖူးယာဉ် တိမ်းမှောက် တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
10:25
Rating:
