အောက်တိုဘာ ၉ / DMG
မောင်တော်မြို့နယ်အတွင်း နယ်ခြားစောင့် ဌာနချုပ်ကျီးကန်ပြင်၊ကိုးတန်ကောက် နှင့်င/ခူရ နယ်ခြားစောင့် စခန်းများကို ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အနညးဆှုးရဲအရာရှိ တဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး လက်နက် ၈၃ လက်နှင့် ဗုံး(အရေအတွက် ရေတွက်ဆဲ )များ ပါရှိသွားကြောင်း ကျီးကန်းပြင် စခန်းမှ တာဝန်ရှိသူတဦးမှပြောသည်။
အကြမ်းဖက်တိုက်ခိုက်သူ ကုလားဆိုးသောင်းကျန်းသူအဖွဲ့သည် လူ၅၀ဦးခန့် မော်လဝီ ဟာဘစ်အူလာနေအိမ်တွင် လူစုပြီး AK47 နှစ်လက် ၊ပစ္စတို ၁ လက်တို့ဖြင့် ကျီးကန်းပြင် ဌာနချုပ်ကို ဝင်ရောက်စီးနင်းခဲ့ကြပြီး ၊ကိုးတန်ကောက်စခန်းကို ဝင်စီးနင်းရာတွင် ကူလားဆိုးအကြမ်းဖက်သမား ၁၃ ဦး၊နှင့် င/ခူရ စခန်းကို အယောက် ၃၀ ကျော် ပါဝင့်ခဲ့ကြောင်း သိရသည်။
ကျီးကန်းပြင် စခန်းနှင့် မြို့သို့ ဆက်သွယ်ထားသည့် တံတား ၄ စင်းအား ဖျက်စီးထားပီး နေရာအများစုမှာ ဆူပူအကြမ်းဖက်ရန် ကြိုးစားနေသည့်အတွက် ပစ်ခတ်မှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။
နယ်ခြားစောင့်တပ်ကူများ မောင်တောမြို့သို့ရောက်ရှိကြပြီ ဒေသခံများ၏ လုံခြုံရေးကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ကျဆုံးသွားသူများအချို့မှာ
ဒုရဲအုပ် သိန်းထိုက်ကျော်
တကက ဇော်ထွန်း
တက ထွန်းနိုင်အေး
ဒုတက ဇော်နိုင်ထွန်း
ဒုတက ကျော်ကိုကိုရွှေ
ဒုတက ဇာနည်ထက်
တို့ဖြစ်ကြကြောင်း ကျီးကန်းပြင် ရဲအရာရှိတဦးမှ ပြောဆိုသည်။
မောင်တောမြို့ပေါ်တွင် ငြိမ်သတ်နေပြဖိး ဈေးဆိုင်များလည်း ပိတ်ထားကာ နယ်ဘက်မှ လူများ မြို့ပေါ်သို့ ခိုလုံလျက်ရှိကြောင်းသိရသည်။
RSOဟု ယူဆရသည့် ကုလားအကြမ်းဖက်သမား ၅ ဦးကို အသေဖမ်းရမိပြီး တစ်ဦးကို အရှင် ရရှိခဲ့ကြောင်း သိရသည်။
ဖိုးသီဟ(မြတ်သူထွန်း)
Development Media Group
https://www.facebook.com/DevelopmentNJ
မောင်တော နယ်စပ် နောက်ဆုံးရ သတင်း
Reviewed by THITHTOOLWIN
on
19:31
Rating:
