ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့မှာ အောက်တိုဘာလ (၃) ရက်နေ့ နေ့လည်ပိုင်းက မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကွင်းတောင်ရပ်ကွက် အားကစားလမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
မီးကူးစက်လောင်ကျွမ်း မှုကြောင့် နေအိမ် အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိပဲ နေအိမ်အပေါ်ထပ်မီးလောင်ပျက်စီးမှုကြောင့် ကာလတန်ဖိုး ဆယ့်နှစ်သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မီးပေါ့ဆစွာ သုံးစွဲသူ နေအိမ်ပိုင်ရှင်ကို ကျောက်တံခါးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
5 Plus News
https://www.facebook.com/5plusnews
ကျောက်တံခါးမြို့မှာ မီးအားမြှင့်စက် အပူလွန်ကဲပြီး မီးလောင်
Reviewed by THITHTOOLWIN
on
21:10
Rating:
