သီပေါမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်


ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် စယ်ခန်အုပ်စု နားလော့ကျေးရွာအနီးမှာ မနေ့မနက်ပိုင်းက အစိုးရတပ်မတော် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့  ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။


 တိုက်ပွဲတွေကြောင့် နားလော့ကျေးရွာနဲ့ စယ်ခန်ကျေးရွာတွေက ဒေသခံ ၁၂ဝ ဝန်းကျင်လောက်ဟာ သီပေါမြို့နယ် နားမခေါ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေပါတယ်။ ဒါ့အပြင် သီပေါမြို့နယ် နားအုံကျေးရွာမှာ ဒုက္ခသည် ၂ဝဝ ဝန်းကျင်ရှိနေပြီး၊ ဆောင်ကြဲကျေးရွာမှာ ၃ဝဝ ဝန်းကျင်နဲ့ မိုင်းခေးကျေးရွာမှာ ၅ဝဝ ဝန်းကျင်လောက် လာရောက်ခိုလှုံနေရပါတယ်။

Photo: Kan Thar/RFA
RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ