ငခူရ(ဘင်္ဂလီ)ကျေးရွာ ဈေးဆိုင်ခန်းများ မီးလောင်မှုဖြစ်စဉ်သည် နိုင်ငံတကာ အထောက်အပံ့ရလို၍ လုပ်ကြံမီးရှို့ခြင်းသာဖြစ်


ရခိုင်ဂေဇက် ၊ အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငခူရ(ဘင်္ဂါလီ)ကျေးရွာ ဈေးဆိုင်ခန်းများ အောက်တိုဘာလ ၃၀ ရက်နေ့ ညဉ့် ၈ နာရီခွဲအချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွား ခဲ့ခြင်းမှာ နိုင်ငံတကာ အထောက်အပံ့ရလိုမှုနှင့် နိုင်ငံတကာမီဒီ ယာများတွင် သတင်းလွင့် ဖော်ပြစေရန် အတွက် လုပ်ကြံဖန်တီးခြင်းသာဖြစ်ကြောင်း စုံစမ်းစစ်ဆေး ချက်များအရ သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားသည့်နေရာအား နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော်တေဇနှင့်အဖွဲ့မှ သွားရောက်ခဲ့ရာတွင် ငါးခူရ(ဘင်္ဂါလီ)ကျေးရွာရှိ နူရူဒိန်း၊ အသက် ၄၀ နှစ် (ဘ) ဒီမာမောက်၏ ဈေးဆိုင်ခန်းမီးလောင်ကျွမ်းနေသည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ မီးလောင်နေသည့်ဈေးဆိုင်ခန်းအား ဘင်္ဂါလီကျေးရွာသား တစ်ဦးတစ်ယောက်မျှ မီးငြိမ်းသတ်ခြင်းကိုမတွေ့ရှိရဘဲ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ အနီးရှိ ဟိန္ဒူကျေးရွာ သူ/သားများနှင့် ငါးခူရ(ရခိုင်)ကျေးရွာသားများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ယင်းမီးလောင်မှုတွင် နူရူဒိန်း၏ ဓနိမိုး၊ ဝါးထရံကာ မြေစိုက်ဈေးဆိုင်ခန်း (၃)ခန်းနှင့် ဝိုင်ဒူ၊ အသက် ၄၀ နှစ် (ဘ) အဒူဆလင်၏ ဓနိမိုး၊ ဝါးထရံကာ မြေစိုက်ဈေးဆိုင်ခန်း (၃)ခန်း မီးလောင်ဆုံးရှုံးသွားခဲ့သည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဒုက္ခသည်အမည်ခံကာ နိုင်ငံတကာအဖွဲ့ အစည်းများထံမှ ငွေးကြေးအထောက်အပံ့များရယူလိုခြင်း၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှ မီးရှိုးခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်းမီဒီယာများမှ သတင်း ထုတ်လွှင့်ဖော်ပြစေလိုခြင်းနှင့် ယင်းမီးလောင်မှုဖြစ်သည့် ငါးခူရ(ဘင်္ဂါလီ)ကျေးရွာ၏ အနောက်မြောက်ဘက်တွင်ရှိသည့် ငါးခူရ(ဟိန္ဒူ)ကျေးရွာအား မီးကူးစက် လောင်ကျွမ်း စေလိုခြင်း စသည့်ရည်ရွယ်ချက်များဖြင့် နူရူဒိန်းသည် မိမိ၏ဈေးဆိုင်ခန်းများအား မီးရှိုးလျက် အခြားတစ်နေရာသို့ ရှောင်တိမ်းသွားသည်ကို စိစစ်တွေ့ရှိရကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ နူရူဒိန်း၊ အသက် ၄၀ နှစ်အား နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ငါးခူရနယ်မြေရဲစခန်းတွင် (ပ)၃၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့်ပြီး ရဲအုပ် အထွန်းမှ တရားခံနူရူဒိန်းအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေ လျက်ရှိကြောင်းသိရသည်။

Rakhine Gazette
http://rakhinegazette.com
ငခူရ(ဘင်္ဂလီ)ကျေးရွာ ဈေးဆိုင်ခန်းများ မီးလောင်မှုဖြစ်စဉ်သည် နိုင်ငံတကာ အထောက်အပံ့ရလို၍ လုပ်ကြံမီးရှို့ခြင်းသာဖြစ် ငခူရ(ဘင်္ဂလီ)ကျေးရွာ ဈေးဆိုင်ခန်းများ မီးလောင်မှုဖြစ်စဉ်သည် နိုင်ငံတကာ အထောက်အပံ့ရလို၍ လုပ်ကြံမီးရှို့ခြင်းသာဖြစ် Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.