ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊ဝက်ရုပ်ကျေးရွာအုပ်စု၊တဇောင်းရိုးရွာထိပ်၊ပုသိမ်-မုံရွာကားလမ်းဘေးမှာ အောက်တိုဘာ(၂၇)ရက်၊ ညနေ(၅)နာရီက ကားနဲ့ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းနှင်သူနဲ့ လိုက်ပါစီးနင်းသူနှစ်ဦးတို့ သေဆုံးမှုဖြစ်ပွား တယ်လို့သိရပါတယ်။
ဖြစ်ပွားပုံမှာရေကြည်ဘက်ကနေ ပုသိမ်ဘက်ကို ယာဉ်မောင်း ဟန်ဝင်းအောင် မောင်းနှင်လာတဲ့ PROBOX အဖြူရောင်ကားဟာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောဘက် ရောက်သွားပြီး အသုတ်မြို့ဘက်မှ ရေကြည်ဘက်ကို ဦးမြင့်အောင် မောင်းနှင် လာတဲ့ ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိတာဖြစ်ပါတယ်။
ယာဉ်တိုက်မှုကြောင့် ရေကြည် မြို့နယ်၊ဘွဲ့ငူကျေးရွာအုပ်စု၊ညောင်တုန်းကျေးရွာနေဦးမြင့်အောင်(၅၀-နှစ်) နဲ့ သူရဲ့ ဇနီး ဒေါ်မြင့်မြင့်နွယ်(၄၈နှစ်) တို့ နှစ်ဦးစလုံးအခင်းဖြစ်နေရာမှာပင်ဒဏ်ရာတွေနဲ့ သေဆုံးသွားကြ တာဖြစ်ပါတယ်။ ယာဉ်မဆင်မခြင်မောင်းနှင်သူဟန်ဝင်းအောင်(၂၉-နှစ်)ကို ရေကြည်မြို့မ ရဲစခန်းက အမှုဖွင့်လှစ်ဆောင်ရွက်နေကြောင်း မင်းဇော်ဦး(ရေကြည်)ကသတင်း ပေးပို့ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိမှုကြောင့် လူနှစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:29
Rating:
