ဘီးလင်းမြို့နယ်တွင် ဘုရားဖူးတောင်တက်မော်တော်ယာဉ် ဘရိတ်ပေါက်ကာ အရှိန်လွန် တိမ်းမှောက်မူဖြစ်ပွား


ဘီးလင်း အောက်တိုဘာ ၁၆

ဘီးလင်းမြို့နယ်၊ ဘုရားရွာကျေးရွာရှိ ကုဿိန္နာရုံ ဆံတော်ရှင်စေတီ၊ တောင်တက် ကားလမ်းတွင် အောက်တိုဘာလ (၁၆)ရက်နေ့  ညနေ ၄ နာရီအချိန်ခန့်က ဘုရားဖူးတောင် တက်မော်တော် ယာဉ်တစ်စီး တိမ်းမှောက်မူဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဘီးလင်းမြို့ ဘုရားရွာကျေးရွာနေ ယာဉ်မောင်း နောင်နောင်( ၂၆ ) (ဘ)ဦးအောင်သိန်း မောင်းနှင်သော၂ခ/ ---ဟီးနိုး ခြောက်ဘီးတောင် တက်မော်တော် ယာဉ်သည် ဘုရားဖူး ခရီးသည် ၇ ဦးအား
တင်ဆောင်ကာ တောင်အောက်သို့ဆင်းလာစဉ်တောင်တက်ကားလမ်း ၃ ဖာလုံခန့်အရောက်တွင် ကား ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးတောင် ကမ်းပါးယံအား တိုက်မိ၍ပက်လက်လန် တိမ်းမှောက် ခဲ့သည်။ ယာဉ်တိမ်းမှောက်မူကြောင့် ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်း လာသောဘုရားဖူး ခရီးသည် ၅ ဦးမှာ ထိခိုက် ပွန်းပဲ့ဒဏ်ရာများရရှိ ခဲ့သည်။


အဆိုပါ ယာဉ်တိမ်းမှောက်မူဖြစ်ပွားရာသို့ မြို့နယ် မီးသတ်တပ်ဖွဲ့ ၊မြန်မာနိုင်ငံ Resuce လူမူကယ်ဆယ် ရေးအဖွဲ့ မြဝတီနှင့် တာဝန်ရှိ သူများက ယာဉ်ပေါ်ပါခရီးသည် များအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ
ကိုဆောင် ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးအား ဘီးလင်းမြို့ နယ် ပြည်သူ့ဆေးရုံသို့တင်ပို့ပေးခဲ့ ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ဘီးလင်းမြို့နယ်တွင် ဘုရားဖူးတောင်တက်မော်တော်ယာဉ် ဘရိတ်ပေါက်ကာ အရှိန်လွန် တိမ်းမှောက်မူဖြစ်ပွား ဘီးလင်းမြို့နယ်တွင် ဘုရားဖူးတောင်တက်မော်တော်ယာဉ် ဘရိတ်ပေါက်ကာ အရှိန်လွန် တိမ်းမှောက်မူဖြစ်ပွား Reviewed by THITHTOOLWIN on 10:23 Rating: 5
Powered by Blogger.