မော်စကို အောက်တိုဘာ ၂၂
အာတိတ်ဒေသတွင် လျှို့ဝှက်နာဇီစစ် အခြေစိုက်စခန်းတစ်ခုကို ရုရှားသိပ္ပံ ပညာရှင် များက ရှာဖွေတွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၂၂ ရက်က သည် အင်ဒီ ပင်းန်ဒင့်န် သတင်းတစ်ရပ်တွင် ဖော်ပြခဲ့ သည်။
အဒေါ့ဟစ်တလာ ရုရှားကို ကျူး ကျော်ပြီးတစ်နှစ်အကြာ ၁၉၄၂ခုနှစ်တွင် မြောက်ဝင်ရိုးစွန်းမှ ကီလိုမီတာ ၁ဝဝဝ အကွာ အလက်ဇန္ဒြားကျွန်းပေါ်တွင် ယင်း စစ်အခြေစိုက်စခန်းကို တည်ဆောက် ခဲ့ကြောင်းသိရသည်။
ယင်းစစ်အခြေစိုက်စခန်း၏အမည် ကို ဂျာမန်တို့က ရတနာမုဆိုးဟု အမည် ပေးခဲ့ပြီး အဓိက အားဖြင့် မိုးလေဝသ စခန်းအဖြစ် အသုံးပြုခဲ့သည်။
၁၉၄၄ခုနှစ် တွင် သိပ္ပံပညာရှင်များ ဝင်ရိုးစွန်းဝက်ဝံ သားစားမိကာ အဆိပ်သင့်ခဲ့ပြီးနောက် ယင်းဒေသကို စွန့်ခွာခဲ့ရသည်။ ထို့နောက် နှစ်ပေါင်း ၇၂နှစ်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ကာ အရာဝတ္ထုပစ္စည်း ပေါင်း ၅ဝဝ ကျော် ရှာဖွေ တွေ့ရှိခဲ့သည်။ အဆိုပါကျွန်းကို ဒုတိယကမ္ဘာစစ်အတွင်း က တပ်ဖွဲ့ဝင်များ လှုပ်ရှားရန်၊ ရေငုပ် သင်္ဘောနှင့် သင်္ဘောများ သွားလာရန် အတွက် အရေးပါသော မိုးလေဝသ သတင်းပေးပို့ရာနေရာအဖြစ် အသုံးပြုခဲ့ သည်။
(သည်အင်ဒီပင်းန်ဒင့်န်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အာတိတ်ဒေသတွင် လျှို့ဝှက်နာဇီ စစ်အခြေစိုက်စခန်းတစ်ခုကို ရုရှား သိပ္ပံပညာ ရှင် များ ရှာဖွေတွေ့ရှိ
Reviewed by THITHTOOLWIN
on
09:35
Rating:
