မုံရွာ ၊ အောက်တိုဘာ-၂၁
ချင်းတွင်းမြစ်အတွင်း နစ်မြှပ်ခဲ့သော အောင်စိုးမိုးကျော် ရေယာဉ်တွင် ဟုမ္မလင်း၊ဖောင်းပြင်၊ မော်လိုက် တို့မှ ကျောင်းသား/သူ ၃၅ ဦး ကျောင်းတက်ရန် လိုက်လာပြီး ဖောင်းပြင်မြို့နယ် သရောင်းရွာမှ မြန်မာစာတတိယနှစ်ကျောင်းသားမောင်လွင်မိုး တစ်ဦးသာ အဆက်အသွယ် မရရှိခဲ့ခြင်းဖြစ်သည်။
မောင်လွင်မိုးသည် ရေယာဉ်နှစ်မြုပ်ရာတွင် ရေစီးနဲ့ အတူ မျောပါသွားပြီး မုံရွာတက္ကသိုလ်သို့ ယနေ့လာရောက်ဆက်သွယ်သဖြင့် ရေယာဉ်နှစ်မြုပ်ရာတွင် အဝေးသင် ကျောင်းသား၊ကျောင်းသူ တစ်ဦးမှ သေဆုံးသူမရှိကြောင်း သိရပါသည်။
Monywa Gazette
https://www.facebook.com/chindwingazet
ရေယာဉ်နစ်မြှပ်မှု တွင် ပျောက်ဆုံးနေသော မောင်လွင်မိုး မုံရွာတက္ကသိုလ်သို့ လာရောက် ဆက်သွယ်
Reviewed by THITHTOOLWIN
on
16:38
Rating:
