ဓားနဲ့ ကလေးငယ် ညှင်းပန်းနှိပ်စက်မှု ကိစ္စ အမှုဖွင့် အရေးယူ

အရွယ်မရောက်သေးသည့် ကလေးငယ်ကိစ္စ အမှုဖွင့် အရေးယူဆောင်ရွက်မှု 
၂၁-၁၀-၂၀၁၆

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တောပြာကြီးကျေးရွာတွင် အရွယ်မရောက်သေးသည့် ကလေးငယ်အား ညှဉ်းပန်း နှိပ်စက်မှု ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းခဲ့ရာ (၁၃-၁၀-၂၀၁၆)ရက်နေ့(၁၉၀၀)အချိန်ခန့်တွင် ကျွန်းစု မြို့နယ်၊ တောပြားကြီးကျေးရွာနေ မျိုးသူ(ခ)အိုဖြူ(ခ) ပန်းဖြူသည် ၄င်း၏ဇနီးဖြစ်သူ မမြင့်အေး(ခ)မမိငယ်နှင့် စကားများရန်ဖြစ်ကြပြီး မျိုးသူမှဇနီးဖြစ်သူအား အရိုးအသွားသံဖြင့် ပြုလုပ်ထားသည့် အရိုး(၄)လက်မ၊ အသွား(၈)လက်မ၊ ဗျက်(၃)လက်မခန့်ရှိ ဓားမဖြင့် ပစ်ပေါက်စဉ် နေအိမ်သို့ရောက်ရှိနေသော တစ်ရွာ တည်းနေ နေဇင်ဖြိုး (၈)နှစ်၊ (ဘ)ဦးဇင်ဦး (အမိ) မမိုးငယ်၏သားဖြစ်သူ ပါးစပ်အားထိမှန်ခဲ့ကြောင်း၊ နေဇင်ဖြိုးတွင် ပါးစပ်ဝဲ/ယာတွင်(၁)လက်မစီပြက်ရှ ဒဏ်ရာ၊ ဝဲဘက်အောက် အံသွား(၄)ချောင်း ကျိုး ဒဏ်ရာများရရှိခဲ့ကြောင်း သိရပါသည်။

 ဖြစ်စဉ်အား မပန်းအိဇင်မှ မမိုးငယ်အား ပြောပြသဖြင့် သွားရောက်ကြည့်ရှုရာ သားဖြစ်သူပါးစပ်တွင် ဓားဒဏ်ရာများရရှိထားသည်ကို တွေ့ရှိရသဖြင့် မမိုးငယ်မှ အိမ်နီးနားချင်းဖြစ်သော ဦးမျိုးသူ၊ မမြင့်မြင့်အေး၊ ဦးသက်ရွှေနှင့်ဒေါ်အုန်းမူ တို့အားခေါ်၍ စခန်းသစ်ကျေးရွာ တိုက်နယ်ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်းသိရှိရပါသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူ မမိုးငယ်အား တရားလိုပြုလုပ်တိုင်တန်းရန်ပြောကြားရာ မမိုးငယ်မှ တရားလိုပြုလုပ်တိုင်တန်းလိုခြင်းမရှိကြောင်းပြောဆို သဖြင့်(၂၁-၁၀-၂၀၁၆)ရက်နေ့(၁၂၃၀)အချိန် ဒုရဲအုပ် အောင်စိုးလင်းမှ တရားလိုပြုလုပ်တိုင်တန်းဖြင့် ကျွန်းစု မြို့မရဲစခန်း(ပ)၈၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်ပြီး အမှုအား ဒုရဲအုပ် အောင်စိုးလင်းမှပင် စစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။

မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ
ဓားနဲ့ ကလေးငယ် ညှင်းပန်းနှိပ်စက်မှု ကိစ္စ အမှုဖွင့် အရေးယူ  ဓားနဲ့ ကလေးငယ် ညှင်းပန်းနှိပ်စက်မှု ကိစ္စ အမှုဖွင့် အရေးယူ Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.