![]() |
( ဓါတ်ပုံ - ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ရထားတစ်စင်းကို တွေ့ရစဉ် ) |
အဲဒီရထားတွဲတွေဟာ အနှစ် ၂ဝ လောက် သက်တမ်းရှိပြီဖြစ်လို့ သူတို့နိုင်ငံမှာ အသုံးမဝင်တော့ပေမယ့် မြန်မာပြည် ရထားပို့ဆောင်ရေးကဏ္ဏ တိုးတက်ရေးအတွက် အထောက်အကူပြုမှာဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရပိုင် ရထားပို့ဆောင်ရေးကုမ္ပဏီ PTKAI ညွန်ကြားရေးမှူးက ပြောပါတယ်။
မြန်မာပြည်က လက်ရှိရထားပို့ဆောင်ရေးကဏ္ဏ ညံ့ဖျင်းလွန်းတဲ့အတွက် ရထားတွေဟာ တနာရီကို ကီလိုမီတာ ၃ဝ လောက်ပဲ ခုတ်မောင်းနိုင်ကြောင်း၊ ဒါပေမဲ့ အင်ဒိုနီးရှားက အခုတင်ပို့မယ့် ရထားတွဲတွေနဲ့ဆိုရင် အရှိန် ၂ ဆတိုးပြီး တနာရီကို ကီလို ၆ဝ ခန့်ထိ ပြေးဆွဲနိုင်မှာဖြစ်ကြောင်း၊ မြန်မာပြည်ကို မပို့ခင် ပြန်လည်မွမ်းမံပေးမှာဖြစ်ကြောင်း စသဖြင့် ဂျကာတာမြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ရထားပို့ဆောင်ရေး ညီလာခံမှာ အင်ဒိုနီးရှား အရာရှိက ပြောကြားခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
အင်ဒိုနီးရှားက မြန်မာပြည်ကို ရထားတွဲ ၆ဝဝ ပို့ပေးကူညီမယ်
Reviewed by THITHTOOLWIN
on
10:28
Rating:
