ဘူးသီးတောင်မြို့မှ ၈ မိုင်ခန့်ဝေးသည့် တောင်ခေါင်းကြီးအနီး ထိတွေ့ တိုက်ပွဲ ဖြစ်ပွား


နိရဉ္ဇရာ၊ အောက်တိုဘာ ၁၀ ရက်

 အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင်းမှာ တပ်မတော် စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရေးပြုလုပ်စဉ်မှာ ဘူးသီးတောင်မြို့နှင့် ၈ မိုင်ခန့်ဝေးသည့် တောင်ခေါင်းကြီး အနီး တောင်ကြောများတွင် တွေဆုံပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများမှ နိရဉ္စရာသို့ပြောသည်။

“ကျွန်တော်တို့ကြားတာကတော့ ၄ နာရီဝန်ကျင်ကကြားခဲ့တာ ခင်ဗျ။ ခုတော့ အသံမကြားရတော့ဘူး။ သိရသလောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်သမားတွေဟာ အဲဒီတောင်ကြောကို တက်ပြေးသွားခဲ့တယ်လို့ သိရတယ်။ သေချာတာကတော့ တစ်ဖက်နိုင်ငံကို မကျော်နိုင်ခဲ့ဘဲနဲ့ မေယူတောင်မှာ ပုန်းအောင်းနေကြတယ်လို့ သိရပါတယ် ” ဟု ပစ်ခတ်မှုများကြားခဲ့ ရသည့် ဘူသီတောင် ဒေသခံ တစ်ဦးမှ နိရဉ္ဇရာသို့ပြောသည်။

မောင်တောမြို့နယ် ဦးချဥ့်ကျရွာနှင့် သရက်အုပ်ကြား၊ ရွက်ညိုတောင် စသည့် နယ်မြေများတွင် လည်း တွေ့ထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက အကြမ်းဖက်သမားများမှ အကျအဆုံးနှင့် လက်နက်များ ပြန်လည် သိမ်းဆည်းရမှုများ ရှိခဲ့သည်ဟု ပြောဆိုသည်။

ရွှေရအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
ဘူးသီးတောင်မြို့မှ ၈ မိုင်ခန့်ဝေးသည့် တောင်ခေါင်းကြီးအနီး ထိတွေ့ တိုက်ပွဲ ဖြစ်ပွား ဘူးသီးတောင်မြို့မှ ၈ မိုင်ခန့်ဝေးသည့် တောင်ခေါင်းကြီးအနီး ထိတွေ့ တိုက်ပွဲ ဖြစ်ပွား Reviewed by THITHTOOLWIN on 07:19 Rating: 5
Powered by Blogger.