![]() |
နေပြည်တော်က MICC ခန်းမမှာ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ NCA လက်မှတ်ထိုးခြင်း တစ်နှစ်ပြည့်အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။ Photo: Win Naung Toe/RFA |
ဒီနေ့ နေပြည်တော်က MICC ခန်းမမှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးခြင်း တစ်နှစ်ပြည့်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ NCA စာချုပ် ထွက်ပေါ်လာအောင် ကြိုးစားပေးခဲ့တဲ့ အရင်သမ္မတ ဦးသိန်းစိန်နဲ့ ပါဝင်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ နောက်ထပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးတာကို ဝမ်းနည်းကြောင်းနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေကို ပြည်သူတွေ က စောင့်ကြည့်နေကြတဲ့အတွက် ငြိမ်းချမ်းရေးကို ဘယ်သူတွေက လိုလားပြီး ဘယ်သူတွေက မလိုလားဘူးဆိုတာ ကို မကြာခင်မှာ တွေ့ရမှာဖြစ်ကြောင်း ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ လျှောက်လှမ်းဖို့နဲ့ NCA စာချုပ်ကို ကျော် လွန်ပြီး အမျိုးသားအဆင့် ဆွေးနွေးပွဲတွေသွားဖို့ ကြိုးစားတာ မသင့်တော်ဘူးလို့ အခမ်းအနားမှာ ပြောပါတယ်။
အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ ပဋိပက္ခမီးတွေ တောက်လောင်နေကြောင်း နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် သတ္တိရှိရှိနဲ့ ဥပဒေဘောင်ထဲကနေ တာဝန်ရှိတဲ့အတိုင်း ဆောင်ရွက်သွားမယ် လည်း ပြောခဲ့ပါတယ်။
အရင်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ NCA စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဒီနေ့ တစ်နှစ်ပြည့်အခမ်းအနားကို သမ္မတဟောင်း ဦးသိန်းစိန်ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် မတက်ရောက်ခဲ့ပါဘူး။ အခမ်းအနားကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
တိုက်ခိုက်နိုင်တဲ့ အရည်အချင်းကို မပြိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြော
Reviewed by THITHTOOLWIN
on
18:41
Rating:
