ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းခွင့်ပြုရန် နယ်နမိတ်ပြန်လည်သတ်မှတ်မည်


ရန်ကုန် အောက်တိုဘာ ၆

မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပိတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာနယ်နမိတ်အတွင်း က အခြေခံပြည်သူများအများဆုံးရှိတဲ့ မြို့နယ်များတွေမှာ လိုအပ်ချက်အရ ဆိုင်ကယ် စီးနင့်ခွင့်ပြုမယ်လို့ ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီး ဒေါ်နီလာကျော်က ယနေ့ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ၆ရက် ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ်အမှတ်( ၁ )လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း(ခ)ဦးဂေးမောင် က မော်တော်ဆိုင်ကယ်တရားဝင်မောင်းနှင်စီးနင်းခွင့်နဲ့ နယ်မြေဒေသအတွင်း မော်တော်ဆိုင် ကယ်လိုင်စင်ပြုလုပ်ပေးရန်၊ယာဉ်သက်တမ်း တိုးမြင့်ပေးရန် အစီစဉ်ရှိမရှိကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ရာမှာ ရာတွင် တိုင်းဒေသကြီး ဝန်ကြီးမှ ယခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

''စည်ပင်နယ်နမိတ်အတွင်းမှာ မော်တော်ဆိုင်ကယ်စီးနင်းခွင့်မပြုတာဟာ။ဥပဒေအရ ပြဌာန်း ထားတာမဟုတ်ပါဘူး။အကြောင်းကြောင်းကြောင့် ညွှန်ကြားချက်ထုတ်ခဲ့တာပါ။ ဒါပေမဲ့အချို့ စည်ပင်သာ ယာနယ်န မိတ်ထဲပါနေပေမဲ့ ဆင်ခြေဖုန်းရပ်ကွက်တွေအတွက် သွားလာရေးမှာ ဆိုင်ကယ်က လွယ်ကူအဆင်ပြေတာတွေ့ရပါတယ်။ ဒါကြောင့် အခု ကိုယ်စားလှယ်ကြီးမေးတဲ့ မေးခွန်း ကို ဖြေရမယ်ဆိုရင် လိုအပ်တဲ့နေရာတွေမှာ မော်တော်ဆိုင်ကယ်ပြန်လည်စီးနင်းခွင့်ပြုဖို့ စည်ပင်သာယာနယ်နမိတ်ကိုပြန်လည်သတ်မှတ်ဖို့လုပ်ဆောင်နေပါတယ်''ဟု တိုင်းဒေသကြီး ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ်အတွင်းဆိုင်ကယ်စီးနင်းခွင့်မပြုထားတဲ့ မြို့နယ် ၃၃မြို့နယ်ရှိပြီး အချို့နေရာများမှာ စီးနင်ခွင့်မပြုထားပေမယ့်လည်း လမ်းပန်းဆက်သွယ် ရေးအားနည်းချက်ရှနေတဲ့အတွက် နားလည်မှုနဲ့ တရားမဝင်စီးနင်းမှုများရှိနေသလို အချို့မှုခင်း ဖြစ်ပွားမှုများမှာ ဆိုင်ကယ်အသုံးပြုပြီး ကျူးလွန်သူများလည်း ရှိနေပါတယ်။

စည်ပင်သာယာနယ် နမိတ်ပြန်လည်သတ်မှတ်ပြီးပါက ယခင်ကဲ့သို့ ဥပဒေမဲ့စီးနင်းမှုများ မပြုရန်နဲ့ အမှုအခင်းများမဖြစ်ပေါ်စေရန်အတွက် စည်းကမ်းများ၊ဥပဒေများသတ်မှတ်ပြဌာန်းပြီးမှ စီးနင်းခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

ဖြိုးဝေအောင်
china.com Myanmar
https://www.facebook.com/china.com.mm
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းခွင့်ပြုရန် နယ်နမိတ်ပြန်လည်သတ်မှတ်မည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းခွင့်ပြုရန် နယ်နမိတ်ပြန်လည်သတ်မှတ်မည် Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.