ရခိုင်ဂေဇက်၊ အောက်တိုဘာ ၁၇၊
မောင်တောခရိုင်အတွင်းလုံခြုံရေးအရ စိုးရိမ်မှုကြောင့် စစ်တွေမြို့သို့ပြောင်းရွှေ့လာသည့်ဒုက္ခသည် ၇၅၇ ဦးရှိ ကြောင်း သတင်းရရှိသည်။
မောင်တောခရိုင်တွင်အောက်တိုဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့သော နယ်ခြားစောင့်စခန်းများအား အကြမ်း ဖက်တိုက်ခိုက်မှုများကြောင့် ဒေသတွင်းလုံခြုံမှုမရှိသေးသဖြင့် ဒေသခံအချို့မှာ စစ်တွေမြို့သို့ပြောင်းရွှေ့လာကြပြီး စစ်တွေတွင် စခန်း(၄)ခု၌ ယာယီခိုလှုံနေကြကြောင်း စစ်တွေမြို့ နယ်အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်ဝင်းကပြောသည်။
"ဒုက္ခသည်အရေအတွက်ကတော့ ၇၅၇ ဦးရှိပါတယ်၊စခန်းလေးခုပေါ့၊ သူတို့ကိုတစ်နေရာတည်းမှာထားဖို့ အတွက် ဒီမနက်က ဘဲအစိုးရအဖွဲ့ရုံးမှာအစည်းအဝေးလုပ်ပါတယ်၊ သူတို့ကို ဓညဝတီ ဘော်လုံးကွင်းမှာ ထားဖို့ အတွက် အခု ယာယီတဲတွေဆောက်လုပ်ဖို့စီစဉ်နေပါတယ်"ဟု ဦးထွန်းနိုင်ဝင်းကပြောသည်။
စစ်တွေမြို့သို့ပြောင်းရွှေ့လာသည့်ဒုက္ခသည်များမှာ စခန်း၎ခုတွင်ယာယီခုံနေရပြီးး စစ်တွေမြို့ စက်ရုံစုရပ် ကွက်ရှိ ရတနာ့ဗိမာန်ကျောင်းတွင် ၂၇၄ ဦး၊ ပညာလင်္ကာရကျောင်းတွင် ၁၇၃ ဦး၊ ယတြာကျောင်း တွင် ၁၈၂ ဦး ၊ဓမ္မာ ရာမကျောင်းတွင် ၁၂၈ ဦးစုစုပေါင်း ၇၅ဦး ရှိကြောင်းသိရှိရသည်။
ပြောင်းရွှေ့လာသူအများစုမှာ တောင်ပြိုမြို့နယ်နှင့်မောင်တောမြို့နယ်တို့မှဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားသည့်နေရာများနှင့်နီးစပ်သည့်ကျေးရွာများမှဖြစ်ပြီး သက်ကြီးရွယ်အိုများ၊ မိခင်နှင့် ကလေးများပါဝင် ကြသည်။
စစ်တွေမြို့သို့ပြောင်းရွှေ့လာသည့် ဒုက္ခသည်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် လူမှု အဖွဲ့အစည်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒုက္ခ သည်များအား တစ်နေရာတည်းတွင် တစ်စု တစ်ဝေးထားရှိရန်နှင့် ကူညီပံ့ပို့မှုများပြုလုပ်ရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပွဲတွင်ပြောဆိုခဲ့သည်။
အလားတူဘူးသီးတောင်မြို့တွင်လည်း ဒုက္ခသည်များခိုလုံလျှက်ရှိကြသည်။
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
လုံခြုံရေးမတည်ငြိမ်မှုကြောင်း စစ်တွေသို့ ပြောင်းရွှေ့လာသည့် ဒုက္ခသည် ၇၅၇ဦးရှိ
Reviewed by THITHTOOLWIN
on
16:58
Rating:
