နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ - အိန္ဒိယ စီးပွားရေးစကားဝိုင်းသို့ တက်ရောက်


နယူးဒေလီ အောက်တိုဘာ ၁၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဒေသ စံတော်ချိန် နံနက် ၁၀ နာရီတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ITC MAURYA Hotel ၌ အိန္ဒိယပြည်ပရေးရာ ၀န်ကြီးဌာနနှင့် Confederation of India Industry တို့ပူးပေါင်းကျင်းပသည့် မြန်မာ - အိန္ဒိယ စီးပွားရေးစကားဝိုင်း (Business Roundtable) သို့ တက်ရောက်သည်။


အဆိုပါ စကားဝိုင်းသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူ ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်း၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယ ပြည်ပရေးရာ ၀န်ကြီးဌာနမှ Minister of state Dr. V.K.Singh နှင့် အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များတက် ရောက်ကြသည်။


စကားဝိုင်းတွင် Confederation of India Industry Director General ၊ Mr. Chandrajit Banerjee ၊ Confederation of India Industry President ၊ Dr. Naushad Forbes ၊ Minister of state Dr. V.K.Singh တို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေသည့် စီပွားရေးဆိုင်ရာ မူဝါဒများ၊ မကြာမီ ပြဋ္ဌာန်းတော့မည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု ဥပဒေ အပါအ၀င် ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏ တိုင်ပင်ခံပုဂ္ဂိုလ်သည် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ - အိန္ဒိယ စီးပွားရေးစကားဝိုင်းသို့ တက်ရောက်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ - အိန္ဒိယ စီးပွားရေးစကားဝိုင်းသို့ တက်ရောက် Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.