အိန္ဒိယ ဆယ်ကျော်သက်တစ်ဦးရဲ့ ကျောရိုးအောက်ခြေက(၂၀)စင်တီမီတာရှည်တဲ့ အမြီးကို ခွဲစိတ်ဖယ်ရှားပေးခဲ့တယ်လို့ ဘီဘီစီရဲ့ အောက်တိုဘာလ(၇) ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။
အသက်(၁၈)နှစ်အရွယ်ကောင်လေးဟာ သူ့အသက်(၁၄)နှစ်ပြည့်ပြီးနောက်ပိုင်းမှာ အဲ့ဒီအမြီးစတင်ထွက်ပေါ်လာ တယ်လို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံ Nagpur (နာဂဂါ)ဒေသကဆယ်ကျော်သက်ကောင်လေးနဲ့ သူ့ရဲ့မိသားစုဟာ လှောင်ပြောင်ခံရမှာ စိုးရိမ်တဲ့အတွက်အမြီးထွက်လာတဲ့ ကိစ္စကို ဖုံးကွယ်ထားခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ အမြီးဟာကြီးမားလာပြီး အထဲမှာအရိုးတစ်ခု စတင်ဖွံ့ဖြိုးလာတာ ကြောင့် နောက်ဆုံးဆရာဝန်နဲ့ပြသခဲ့ရပါတယ်။ လူ့ကိုယ်မှာ အမြီးထွက်တာက ဖြစ်လေ့သိပ်မရှိပေမဲ့လည်း သူ့ရဲ့အမြီးဟာ အရှည်ဆုံးလို့ယူဆရပါတယ်။ ဆယ်ကျော်သက်ကောင်လေးရဲ့ ကျောရိုးချွတ်ယွင်းမှုကြောင့် ခန္ဓာကိုယ်တွင်းအမြီးစတင်ဖွံ့ဖြိုးခဲ့ဟန်တူပြီး၊ သူ့အသက်အရွယ်ကြီးလာချိန်မှာ အပြင်ကိုထွက်လာခဲ့တယ်လို့ ယူဆရကြောင်း
ဆရာဝန်တွေက ပြောပါတယ်။
အမြီးကိုခွဲစိတ်ဖယ်ရှားမှုကသိပ်မရှုပ်ထွေး လှပေမဲ့လည်းအမြီးရဲ့ကြီးထွားမှုမှာကျောရိုးတစ်သျှူးမျှင်တစ်စိတ်တစ်ပိုင်းပါဝင်နေတာကြောင့် အာရုံကြောခွဲစိတ်ကုတစ်ဦးကဆောင်ရွက်ခဲ့ရပါတယ်။ ကောင်လေးဟာဆေးရုံမှာရက်အနည်းငယ်နေပြီးနောက်အမြီးမပါရှိဘဲ အိမ်ပြန်ခွင့်ရတော့မယ်လို့ ဘီဘီစီသတင်းမှာဖော်ပြထားပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
အိန္ဒိယဆယ်ကျော်သက်တစ်ဦးရဲ(၂၀)စင်တီမီတာ အမြီးကိုခွဲစိတ်ကုသ
Reviewed by THITHTOOLWIN
on
16:22
Rating:
