မိုးညှင်းမြို့နယ်၌ ကုန်ရထားနှင့် ကုန်တင်ယာဉ်တိုက်မိ၊ လူနှစ်ဦး ဒဏ်ရာရ


မိုးညှင်း အောက်တိုဘာ ၂၃

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်ကြင်း ကုန်းကျေးရွာ၌ လမ်းဆုံ မြို့ရှောင်လမ်း သံလမ်းကူးတွင် ကုန်တင်ရထားနှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသော ၁၂ဘီးကုန်တင်ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲက မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာအနီး ရထားလမ်း မိုင်တိုင်အမှတ် (၆၃၅/၁၄)နှင့် (၆၃၅/ ၁၅) ကြား အင်ကြင်းကုန်းလမ်းဆုံ မြို့ရှောင်လမ်းသံလမ်းကူးတွင် မန္တလေးမြို့ ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင် လာသော စက်ခေါင်းမောင်း ဦးဝင်းထိုက် အောင်၊ တွဲထိန်း ဦးဝင်းဗိုလ်တို့ မောင်းနှင် လာသော စက်ခေါင်းအမှတ် DF/2051 ရထားအမှတ် (၉၃၃ ) အဆန်ကုန်တင် ရထားနှင့် ယာဉ်မောင်း ဇော်ဇော်အောင် (ခ) မောင်ဇော်(၃၅ နှစ်) ဇရပ်ကွင်း ကျေးရွာ သပိတ်ကျင်းမြို့နယ် မန္တလေး တိုင်းဒေသကြီးနေသူ မောင်းနှင်လာသော သံပိုက်လုံးများနှင့် ပဲအိတ်၊ နနွင်းအိတ် တို့ကို တင်ဆောင်လာသည့် ၁၂ ဘီး ကုန် တင်ယာဉ်အမှတ် 8J/----- တို့ တိုက်မိ သဖြင့် ကားပျက်စီးသွားပြီး ယာဉ်မောင်း မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်နောက်လိုက် များဖြစ်သည့် မောင်ပိန်(၂၃ နှစ်)ဇရပ်ကွင်းကျေးရွာ သပိတ်ကျင်းမြို့နယ် မ္တလေးတိုင်းဒေသကြီးနေသူမှာ ဒဏ်ရာ (စိုးရိမ်ရ) နှင့် စိုးလှိုင်ထွန်း (၂၅ နှစ်) တောချောင်းဦးကျေးရွာ မြင်းမူမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးနေသူမှာ ဒဏ်ရာ များ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ခရိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရ သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် မောင်းအား အရေးယူဆောင်ရွက်ထား ကြောင်းနှင့် ရထားလမ်း ပြန်လည် ကောင်းမွန်လာပြီး ရထားများ ပုံမှန်သွား လာနိုင်ရေးအတွက် မြန်မာ့မီးရထားအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ