ဒမတ်စကပ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်တွင် အောက်တိုဘာ ၁၃ရက်က သူပုန်များ၏ စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်သန်း၍ ကားဗုံးဖောက်ခွဲမှု တစ်ခု ဖြစ်ပွားခဲ့၍ အနည်းဆုံး လူ ၃၀ ဦးသေဆုံးခဲ့ကြောင်း အတိုက်အခံများကပြောကြားခဲ့သည်။
ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အလက်ပိုပြည်နယ် မြောက်ဘက်အစွန်းရှိ Azaz မြို့ တွင် ဆီးရီးယားသူပုန်များ ထိန်းချုပ်ထားသည့် စစ်ဆေးရေးဂိတ်အား ပစ်မှတ်ထားကာ ကားဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တစ်ဘက်မှာလည်း အခြားတက်ကြွလှုပ်ရှားသူများက သေဆုံးသူ ဦးရေသည် ၃၀ဦးရှိပြီး IS စစ်သွေးကြွအုပ်စု က Azaz မြို့ရှိ Jabaha al-Shamiyeh (သို့) Levant Front သူပုန်အဖွဲ့အား ပစ်မှတ်ထား၍ ကားဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
China Xinhua News
ဆီးရီးယားနိုင်ငံ အလက်ပိုရှိ သူပုန်နယ်မြေတွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၃၀ဦးသေဆုံး
Reviewed by THITHTOOLWIN
on
17:17
Rating:
