ဖမ်းခံရသူတွေက နှစ်ယောက်ကို မောင်တော ဆေးရုံ လာပို့ခိုက် လမ်းမှာ ဆုံးသွား

တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ နယ်မြေတဝိုက်က မြေပုံ
မောင်တောမြို့နယ် ငါးခူရ ကျေးရွာမှာ နယ်မြေ စစ်ဆင်ရေး လုပ်ရင်း လူဆယ့်တစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ နယ်မြေခံ အရာရှိ တယောက်ရဲ့ ပြောပါတယ်။

အဲဒီ အထဲက နှစ်ယောက် နေမကောင်းလို့ မောင်တော ဆေးရုံ လာပို့တဲ့ အခိုက် သူတို့မှာ ရှိတဲ့ ရောဂါ အခံကြောင့် လမ်းမှာ ဆုံးသွားကြောင်း သိရပါတယ်။

တယောက်က သွေးတိုး ရောဂါ အခံ ရှိတာ ဖြစ်ပြီး နောက်တယောက်က ပန်းနာ ရောဂါ ရှိတယ်လို့ အဲဒီ နယ်မြေခံ အရာရှိက ပြောကြောင်း နေရဉ္စရာ သတင်းဌာန လက်ထောက် အယ်ဒီတာ ကို စံမောင်သန်းက ရှင်းပြပါတယ်။

အခု အဖမ်းခံရတဲ့ ဆယ့်တစ်ယောက်ဟာ ငါးခူရ စခန်းကို ၀င်တိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေလို့ ထွက်ဆိုခဲ့ကြောင်း အဲဒီ အရာရှိက ပြောပါတယ်။

သေဆုံးသွားသူ နှစ်ယောက်ကိုတော့ မောင်တော ဆေးရုံက ရင်ခွဲရုံမှာ ထားရှိကြောင်း သိရပါတယ်။

ကျန်တဲ့သူတွေကိုတော့ စစ်ဆေးမေးမြန်းတာ လုပ်နေပြီး လက်ရှိမှာ မောင်တော တဝိုက် အခြေအနေ ငြိမ်သက်လျက် ရှိတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ကျီးကန်းပြင် မြောက်ဖက်ကို သတင်းထောက်တွေ သတင်းသွားယူခွင့် မပြုတော့ဘူးလို့ ပြောပါတယ်။

ကျီးကန်းပြင်ကနေ တဆင့် သွားလို့ မလွယ်ကူတဲ့ နေရာတွေဆီကို လူမှုကယ်ဆယ်ရေး အကူအညီတွေ ရဟတ်ယာဉ်နဲ့ ပို့ဖို့ ပြင်ဆင်နေကြောင်းလဲ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဖမ်းခံရသူတွေက နှစ်ယောက်ကို မောင်တော ဆေးရုံ လာပို့ခိုက် လမ်းမှာ ဆုံးသွား ဖမ်းခံရသူတွေက နှစ်ယောက်ကို မောင်တော ဆေးရုံ လာပို့ခိုက် လမ်းမှာ ဆုံးသွား Reviewed by THITHTOOLWIN on 22:50 Rating: 5
Powered by Blogger.