![]() |
(အိမ်အကူမိန်းကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ၆ ဦးကို အောက်တိုဘာလ ၆ ရက်နေ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စဉ်) Photo: Htet Arkar/RFA |
အိမ်အကူ မစန်းကေခိုင်နဲ့ မသဇင်တို့ကို အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင်တွေရဲ့ ညှဉ်းပန်း နှိပ်စက်မှုတွေအကြောင်းကို တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ် မတင်တင်ခိုင်ဟာ ကော့မှူးမြို့နယ်မှာ မစန်းကေခိုင်၊ မသဇင် တို့နဲ့ တစ်ရွာတည်းနေထိုင်သူဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်ကစပြီး အင်ဝအပ်ချုပ်ဆိုင် မိသားစုရဲ့အိမ်မှာ ၅ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီ အင်းဝအပ်ချုပ်ဆိုင် အမှုအတွက် တရားလိုပြ သက်သေအဖြစ် ၁၅ ဦး တင်သွင်းထားပြီး ပြီးခဲ့တဲ့ အောက်တို ၁၃ ရက်နေ့က ဒုရဲမှူး မျိုးသိန်းကိုစစ်ဆေးခဲ့ပြီး ဒီကနေ့မှာတော့ မတင်တင်ခိုင်ကို သက်သေအဖြစ် ခေါ်ယူစစ်ဆေးတာဖြစ်ပါတယ်။
ကျန်ရှိတဲ့ တရားလိုပြသက်သေ ၁၃ ဦးကို လာမယ့် အပတ်စဉ် ကြာသာပတေးနေ့တိုင်းမှာ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
အိမ်ဖော် မိန်းကလေး နှစ်ယောက်ကို ကိုယ်အင်္ဂါချို့ယွင်းစေတဲ့အထိ နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင် ၆ ယောက်ကို နာကျင်စေမှု၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ - ၆၆(ဃ)တို့နဲ့ ရဲတပ်ဖွဲ့နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
အင်းဝအပ်ချုပ်ဆိုင်အမှု သက်သေကို စစ်ဆေး
Reviewed by THITHTOOLWIN
on
18:00
Rating:
