မလေးရှားမှာ လူငယ်တွေ သတ္တိရှိအောင် စပါးကြီးမြွေအသုံးပြုတဲ့ သင်တန်းပိတ်ပင်


မလေးရှားအစိုးရက ဆယ်ကျော်သက်ဖွံ့ဖြိုးရေးအစီအစဉ်တခုကို ဗုဒ္ဓဟူးနေ့ မနေ့က ရပ်ဆိုင်းလိုက်ပါတယ်။ အဲဒီ လူငယ်ဖွံ့ဖြိုးရေးသင်တန်းမှာ ပြီးခဲ့တဲ့ စနေနေ့က အသက် ၁ဝ နှစ်ကနေ ၁၂ နှစ်အတွင်းရှိ မိန်းကလေးကျောင်းသူ ၆ ဦးကို သင်တန်းဆရာတွေက စပါးကြီးမြွေတကောင်ထည့်ထားတဲ့ ဗွက်အိုင်တခုအတွင်း ဖြစ်သန်းခိုင်းခဲ့ပါတယ်။ ကျောင်းသူတွေ ထိတ်လန့်တကြား အော်ဟစ်ပြေးလွှားပြီး စပါးကြီးမြွေအနီးက ထွက်ပြေးဖို့ကြိုးစားကြတဲ့အခါ သင်တန်းဆရာတယေက်က ရေအိုင်ထဲကနေ ကျောင်းသူတွေ ထွက်လို့မရအောင် မီးသတ်ပိုက်နဲ့ ပက်ခဲ့ပါတယ်။

အဲဒီ ဗီဒီယိုအခွေ ထွက်ပေါ်လာပြီးနောက် အစိုးရက သင်တန်းကိုရပ်ဆိုင်းလိုက်ကာ သင်တန်းဆရာ ၄ ဦးနဲ့ လက်ထောက် ၆ ဦးကို အခုအရေးယူထားပါတယ်။ လူငယ်တွေသတ္တိရှိဖို့ပို့ချတဲ့ အဆိုပါသင်တန်းမှာ အခုလို စပါးကြီးမြွေကို အသုံးပြုဖို့ ထည့်သွင်းပြဌာန်းထားခြင်း မရှိပါဘူးလို့ ဒေသခံအရာရှိက ပြောပါတယ်။ ကလေးသူငယ်ဆိုင်ရာ စိတ်ပညာရှင်တဦးကတော့ ကလေးတွေကို ညလယ်အိပ်မက်ဆိုးတွေနဲ့ စိတ်ဒဏ်ရာရစေခဲ့တဲ့ အဲဒီသင်တန်းစီစဉ်ပို့ချခဲ့သူတွေဟာ စိတ်မမှန်ရူးသွပ်နေသူတွေပဲလို့ ပြစ်တင်ရှုတ်ချပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မလေးရှားမှာ လူငယ်တွေ သတ္တိရှိအောင် စပါးကြီးမြွေအသုံးပြုတဲ့ သင်တန်းပိတ်ပင်  မလေးရှားမှာ လူငယ်တွေ သတ္တိရှိအောင် စပါးကြီးမြွေအသုံးပြုတဲ့ သင်တန်းပိတ်ပင် Reviewed by THITHTOOLWIN on 10:03 Rating: 5
Powered by Blogger.