ဝ နှင့် မိုင်းလားကြား ပြဿနာ တရုတ်ကြားဝင်ဆွေးနွေးပေး

UWSA မှ ကိုယ်စားလှယ် ဦးပေါက်ယိုလျှံ
အောက်တိုဘာ ၂၈ ရက် ၂၀၁၆

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားနယ်မြေအတွင်း ဝ တပ်ဖွဲ့များ ကျူးကျော်တပ် စခန်း ချ သည့်နောက် ပြဿနာ တနေ့တခြားကြီးထွားလာမှုအား ဖြေရှင်းနိုင်ရန် တရုတ်အစိုးရ ကိုယ်စားလှယ် ကြားဝင် ဆွေးနွေး ပေးနေသည်ဟု သိရသည်။

တရုတ်အရာ ရှိအဖွဲ့တို့မှ ခေါ်ယူမှုကြောင့် အောက်တိုဘာ ၂၈ ရက် နံနက် ပိုင်းက ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်တော် UWSA မှ ကိုယ်စားလှယ် ဦးပေါက်ယိုလျှံ နှင့် အမျိုး သားဒီမိုကရက်တစ်တပ်မတော် NDAA (မိုင်းလား)မှ ဦးခမ်းမောင် တို့အားကိုယ်စားလှယ်အဖြစ်စေလွှတ်ကာ ယူနန်ပြည်နယ် လန်ချန်း ခရိုင် စီးမောဝ့်မြို့တွင် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

“ ကျနော်တို့ ဝ ကတော့ ပန်ဆန်းကနေ သွားရင်လဲ ခဏလေးရယ်၊ မိုင်းလားတော့ နည်းနည်း ဝေးတယ်။ အဓိက မိုင်းလား နယ်မြေဘက်မှာ အစိုးရတပ်မတော် ကြားဝင်စွက်ဖက်လာမှု ကြောင့် ပြဿနာပိုကြီးလာနေတယ်။ ဒါကို တရုတ်က စိုးရိမ်လို့ လို့ဘဲထင်တယ်။ လောလောဆယ်တော့” ဟု မိုင်းလားဒေသရောက် ၀ အရာရှိတဦးက ပြောသည်။


ထို့အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဖှန် ဖဲန်ဟွေး ၏ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ရောက်ရှိနေချိန် ဖြစ်သည်။

“အောက်တို ၂၅-၂၆ တုန်းက ၀ ခေါင်းဆောင်တွေကို မိုင်းလားတပ်မှူးတွေက သွားတွေ့တယ်။ ဝ ဘက် က ပြောလာတာက အခု မိုင်းလားနယ်မြေကို လုယူနေတာမဟုတ်ဘူး။ စိတ်ချ၊ ခင်ဗျားတို့ နယ်မြေ မယူ ဘူး။ လိုအပ်လို့ တပ်ယာယီသွားချထားတာဘဲဖြစ်တယ်။ ဒါကျနော်တို့အတွက်ထက် ခင်ဗျား တို့ အတွက် လဲ လုပ်ပေးနေတာ - လို့ဘဲပြောလာတယ်။ တွေ့ဆုံမှုက မအောင်လို့ အခု တရုတ်က ကြား ဝင်ဖြန်ဖြေပေးတဲ့ ပုံစံ ရောက်လာတာ” - ဟု မိုင်းလားခေါင်းဆောင် နှင့် ၀ ခေါင်းဆောင်များ အား ရင်းနီးဝင်ဆန့်သူ သျှမ်းတော်လှန်ရေး သမားဟောင်း တဦး ပြောသည်။

၂၀၁၆ စက်တင်ဘာ ၂၈ ရက်နေ့က အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့နယ်မြေ အတွင်း အထူးဒေသ နှင့် ၀ တပ်ဖွဲ့မှ လူသူလက်နက်အင်အား ၁၀၀၀ ခန့် အင်အားဖြည့်ကာ ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် မိုင်းလား တပ်ဖွဲ့၏ တပ်စခန်း ဂိတ်စခန်း စုစုပေါင်း ၅ ခု ထက်မနည်းသိမ်းယူလိုက်သည်။ ထိုအခြေအနေကို အစိုးရတပ်မတော်က ၀တပ်ဖွဲ့များအား မိုင်းလားနယ်မြေမှ အောက်တိုဘာ ၂၄ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ပြန်ရန် ညွှန်ကြားလိုက်သည့်အပေါ် ၀ တပ်ဖွဲ့ဘက်က ယနေ့ တိုင် လက်မခံခဲ့ပေ။ ဒီ့အတွက် နှစ်ဘက် စစ်ရေးအပြိုင်အဆိုင် ပြင်ဆင်မှုများဖြစ်ပွားလာသည့်အတွက် မိုင်းယန်း၊ မိုင်းခတ်၊ ကျိုင်းတုံ၊ မိုင်းယန်းဒေသခံများက စစ်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။ ဒေသခံအချို့က နေရပ်မှ စွန့်ခွါမှုများလည်းရှိသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ