ဆားမလောက်အနီး ယာဉ် ၃ စီးဆင့်တိုက်မှု ဖြစ်ပွား


7-10-2016 ညနေ (၄) နာရီအချိန် ညောင်တုန်းမြို့နယ် အသင်းစုကျေးရွာ နှင့် ဆားမလောက်ကြား ဟိုင်းဝေးလမ်းပေါ်တွင် ကြယ်စင်လင်း ခရီးသည် တင် မှန်လုံယာဉ်နှင့် လိုက်ထွက် ကား ၂ စီး စုစုပေါင်း ယာဉ် ၃ စီး ယာဉ်တိုက်မှု့ဖြစ်ပွားစဉ်တွင် လမ်းဆုံ ပရဟိတ ယာဉ်lဆားမလောက် လူမှု့ကူညီရေးယာဉ်၊ ချောင်းကြီး ဒို့ကျေးရွာပရဟိတ ယာဉ် တို့မှ စုပေါင်း၍ လူနာ ၇ ဦးအား ဆားမလောက်ဆေးရုံ သို့ ပို့ဆောင်ကူညီကြပါသည်။

လူနာ ၇ ဦးတွင် အမျိုးသား ၄ ဦး အမျိုးသမီး ၃ ဦးဖြစ်ပီး အမျိုးသားတစ်ဦးအား ရန်ကုန်ဆေးရုံသို့ ဆားမလောက်ဆေးရုံမှ အရေးပေါ်ယာဉ်ဖြင့် ဆက်လက် ပို့ဆောင်ပီး မအူပင် ဂရုဏာလူမှု့ကူညီရေး အသင်းမှ ယာဉ် ၃ စီးထပ်မံလာရောက်အားဖြည့်ကူညီကြပါသည်။ မှတ်ချက်။ ။လူနာများ မစိုးရိမ်ရ။

Thaw Zin Phyo
ဆားမလောက်အနီး ယာဉ် ၃ စီးဆင့်တိုက်မှု ဖြစ်ပွား  ဆားမလောက်အနီး ယာဉ် ၃ စီးဆင့်တိုက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 23:57 Rating: 5
Powered by Blogger.