မူးယစ်ရောင်းဝါး သုံးစွဲမှုဖြင့် ဖမ်းဆီးထားသူ ၅၇ ဦးကို RCSS/SSA ပြန်လွှတ်ပေး


စက်တင်ဘာလ ၂၀ ရက် ၂၀၁၆

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်အရ သီပေါမြို့နယ် နမ့်လန်ဒေသမှ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူ ၅၇ ဦးကို RCSS/SSA မှ ခေတ္တ ဖမ်းဆီးထိန်းသိမ်း ပညာပေးမှုများ ပြုလုပ်ခဲ့ရာမှ ပြန်လွှတ်ပေး လိုက်ပြီဖြစ် ကြောင်း RCSS/SSA အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က နမ့်လန်အုပ်စုရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ေ ဖာက် ကားသူနှင့် သုံးစွဲသူ ၅၇ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်များမှ ခေတ္တဖမ်း ဆီးပညာပေးမှုပြုခဲ့သည်ဟု RCSS/SSA ၏ ပြောခွင့်ရလည်းဖြစ်သည့် ဗိုလ်မှူးကြီးစိုင်းလှက ပြောသည်။

"ခေတ္တထိန်းသိမ်းတာပါ ။ အခုတော့ အားလုံး ခံဝန်နဲ့ပြန်လွတ်ပေးလိုက်ပြီ။ အကုန်လုံးကို ဓါတ်ပုံရိုက်တယ် ။ မှတ်တမ်းတွေလည်း ယူထားပါတယ်။ မူးယစ်တိုက်ဖျက်ဖို့ ရည်ရွယ်တာပါ "ဟု ဗိုလ်မှူးကြီးစိုင်းလှက စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြောသည်။

ဖမ်းဆီးမှုအတွင်း ယာဘအပြားရေ ၆၇၃ ပြား ၊ ၃၈၀ ပစ္စတို တစ်လက် ၊ တူမီး သေနတ် ၂ လက်နှင့် စကားပြောစက်အပါအ၀င် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း သိရသည်။

ဖမ်းဆီးမှုအပေါ် တပ်မတော်မှလွတ်ပေးရန် RCSS/SSA ထံစာပို့ခဲ့ပြီး ဖမ်းဆီးမှုအား တပ်သားစုဆောင်းမှုအဖြစ် မှတ်ယူကြောင်းလည်း RFA သတင်းတွင် ဖော်ပြထားသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ေ ရးကောင်စီ RCSS/SSA သည် အစိုးရနှင့် တစ်ဖွဲ့ချင်းစီ အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် ၂၀၁၂ မှ စတင်ကာ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်း များကို အရှိန်မြင့်လုပ်ဆောင်နေပြီး ပြန်လည်ထူထောင်ရေး စခန်းများကိုလည်း သျှမ်းပြည်နယ် နေရာ အတော်များများတွင် ဖွင့်လှစ်ထားသည်ဟု သိရ သည်။

သျှမ်းသံတော်ဆင့်/စိုင်းအောင်ဆိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
မူးယစ်ရောင်းဝါး သုံးစွဲမှုဖြင့် ဖမ်းဆီးထားသူ ၅၇ ဦးကို RCSS/SSA ပြန်လွှတ်ပေး  မူးယစ်ရောင်းဝါး သုံးစွဲမှုဖြင့် ဖမ်းဆီးထားသူ ၅၇ ဦးကို RCSS/SSA ပြန်လွှတ်ပေး Reviewed by THITHTOOLWIN on 05:15 Rating: 5
Powered by Blogger.