မဇ္ဈိမသတင်းဌာနသို့ NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးဖြစ်သူ ဦးဝင်းထိန်၏ ဖြေကြားမှု အပြည့်အစုံ

ရွေးကောက်ပွဲမှာနိုင်ပြီးတော့ လွှတ်တော်အသီးသီးမှာ အစိုးရအဖွဲ့အသီးသီးမှာ တာဝန်ထမ်းဆောင်တဲ့သူတွေ ရှိတယ် အဲ့လိုဖြစ်တဲ့အခါကျတော့ သက်ဆိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဆင့်ဆင့်သော ဖွဲ့စည်းမှု ပေါ့၊ ဗဟို ပြည်နယ်နဲ့တိုင်း နောက် ခရိုင်မြို့နယ်တွေမှာ အင်အားတွေလျော့သွားတယ် အဲ့ဒီ အင်အားတွေ လျော့ဖို့ဆိုပြီးတော့ ညွှန်ကြားထားတာ ဇွန်လ ၆လပိုင်းကတည်းက အဲ့တုန်းကတည်းက သြဂုတ်လ လကုန်မှာ ပြီးအောင်လုပ်ရမယ်ဆိုပြီးတော့ ပါတယ် တိုင်းနဲ့ပြည်နယ် ၁၄ခုမှာ အားလုံး ၁၃ခုကပြီးသွားပြီ ဒါပေမယ့် ရှမ်းပြည်နယ်က မပြီးဘူး ရှမ်းပြည်နယ် ပြည်နယ် စည်းရုံးရေးကော်မတီ အလုပ်မှုဆောင်အဖွဲ့ဖွဲ့ တာ ပီပီပြင်ပြင်လုပ်လို့မရသေးဘူး။

အဲ့ဒီအဖွဲ့ပြန်ပြီးတော့ အင်အားဖြည့်ဖို့ဆိုတာ တာဝန်က ဦးကျော်ခင် အလုပ်မှုဆောင်ကော်မတီဦးကျော်ခင်ကို တာဝန်ပေးထားတာ တာဝန်ပေးထားသော်လည်းပဲ အကြောင်း ကြောင်း ကြောင့်ပေါ့လေ ရှမ်းပြည်နယ် အလုပ်မှုဆောင်အဖွဲ့ ပြန်ဖွဲ့လို့မရဘူး။ အဲ့ဒီတော့ ရှမ်းပြည်နယ် အလုပ်မှုဆောင်အဖွဲ့ မှာ ယေဘူယျဖြင့် မြောက်ပိုင်းက ငါးယောက် အရှေ့ပိုင်းက ငါးယောက် တောင်ပိုင်းက ငါးယောက် အရှေ့ပိုင်းနဲ့မြောက်ပိုင်းကတော့ ပြဿနာမဖြစ်ဘူး တောင်ပိုင်းမှာ တာစူလို့မရဘူး အဲ့ဒီတော့ပြန်ဖွဲ့ရမယ် ပြန်ဖွဲ့ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းတယ် သူ့အနေနဲ့ အစိုးရတာဝန်ယူတဲ့အခါကျတော့ ပါတီကိစ္စကို ထဲထဲဝင်ဝင်လုပ်လို့ မရဘူး။

ဒါပေမယ့် ကျွန်တော်တို့က ဖြစ်သမျှတော့ သူ့ဆီတင်ပြရတယ်။ အရေးကြီးတာ တင်ပြတယ်။ တွေ့ကရာတော့မတင်ပြဘူး။ အရေးကြီးတဲ့ဟာမှ တင်ပြတယ်။ အဲ့ဒီတော့ ပြည်နယ်တစ်ခု အလုပ်မှုဆောင်အဖွဲ့ပြန်မဖွဲ့တာကို ကိုဝင်းထိန်သွားလုပ်ပါ ဆိုတော့ ဟိုကပြဿနာတွေ ကျွန်တော်က သိတယ်။ နဂိုကတည်းကသိပြီးသား ဆိုတော့ ဒီညီလာခံပြီးတဲ့နေ့မှာပဲ စနေနေ့မှာ တောင်ကြီးကိစ္စသွားမယ်ဆိုတော့ လုပ်စရာရှိတာပြတ်ပြတ်သားသားလုပ်ခဲ့ပါတဲ့ အဲ့ဒီလိုအကြံပေးလိုက်တယ် သွားတယ်။

ပြဿနာက ဘာလဲဆိုတော့ တောင်ပိုင်းက ငါးယောက်ရှိတာမှာ နှစ်ယောက်ကနှုတ်ထွက်ထားတယ် ဥက္ကဌ ဒေါ်ခင်မိုးမိုးက သူ့ကို အရေးယူချင်တာကြာပြီ နှစ်ပေါက်နေပြီ။ ကျွန်တော်တို့ အရမ်းအလုပ်ရှုပ် နေလို့ ရွေးကောက်ပွဲကိစ္စတွေကော အစိုးရဖွဲ့တဲ့ကိစ္စတွေကော ဆိုတော့ သူ့ကိုဘာမှမလုပ်နိုင်ဘူး ဘာ့ကြောင့် ဆိုတာ .........

သူက ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဆိုသော်လည်း NGOတစ်ခုမှာ ထဲထဲဝင်ဝင်ပါနေတယ် ဒါက ကျွန်တော်တို့အဖွဲ့ချုပ်စည်းကမ်းနဲ့မကိုက်ညီဘူး။ နောက်တစ်ခုက ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ သူတင်တဲ့ကိုယ်စားလှယ်လောင်းတွေမပါလို့ဆိုပြီးတော့ သူ အောင်နိုင်ရေး ကဏ္ဍမှာလုံးဝမလုပ်ဘူး။ ဘာမှ မလုပ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားထားတာက ဗဟိုကရွေးတဲ့ကိုယ်စားလှယ်ရယ် ဗဟိုကဖွဲ့ပေးတဲ့အောင်နိုင်ရေးအဖွဲ့ရယ် သက်ဆိုင်ရာမြို့နယ် ခရိုင်တိုင်းက ကိုယ်စားလှယ်တွေက ပူးပေါင်းပြီးတော့ စည်းလုံးပြီးတော့ ကူညီရမယ် မကူညီရင် သစ္စာမရှိရာရောက်တယ်ဆိုတာ ပြောထားပြီးသား။ အဲ့ဒီတော့ ဒေါ်ခင်မိုးမိုးက အဲ့ဒါတွေမလုပ်ခဲ့ဘူး။

နောက်တစ်ခုက ဒီ ခုနကျွန်တော်ပြောတဲ့ NGO အဖွဲ့မှာပါတာ ဒီနှစ်ခုက တော်တော်ညိနေပြီ အဲ့ဒီတော့ ရွေးကောက်ပွဲလဲပြီးကော သူက ဥက္ကဌ ပြန်လုပ်နေတယ်။ ဘာလို့လဲဆို ကျွန်တော်တို့က အလားလာကောင်းတာကိုး။ အဲ့ဒါမျိုးက ကျွန်တော်တို့က လက်ခံလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်လဲ သိတယ်။ အဲ့ဒီတော့ နောက်တခြားပြောလို့မရတဲ့အကြောင်းတွေအများကြီးရှိတယ်။
ဥပမာဆိုပါတော့ ပြောလို့မရပေမယ့် ခုတော့ ပြောလိုက်တော့မယ် မထူးပါဘူး ....... ပြည်နယ်အစည်းအဝေးခေါ်တယ်ဆို SB က လူတွေက အခန်းထဲမှာ ၀င်ထိုင်တယ်။ သူ့အနေနဲ့တားရမှာ မတားဘူး။ ကြည့်ရတာ သူဖိတ်ခေါ်သလားတော့ အောက်မေ့ရတာ။ သူ မဖိတ်ခေါ်ရင် သူတို့ဘယ်ရောက်မလဲ။ အဲ့ကောင်တွေ မလာဘူး။ အမြဲတမ်း ကျွန်တော်တို့ဆီ သတင်းပို့တယ် ဆိုတော့ ဒါတွေကအရေးယူရမယ့် ကိစ္စတွေ။ အဲ့ဒီတော့ ဒါကတစ်ယောက်။

နောက်တစ်ယောက်က ဒေါ်မီးမီး လွိုင်လင်က သူတို့လည်း ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် အရွေးခံဖို့အတွက်တင်တယ်။ ကျွန်တော်တို့ကမရွေးလိုက်ဘူး။ မရွေးလိုက်တဲ့အကြောင်းအရင်းတစ်ခုမှာကတော့ သူတို့သားအမိနှစ်ယောက်က မွတ်စလင်ပေါ့။ သူတို့က နိုင်ငံရေးအရ မန္တလေးမှာ အင်မတန်နာမည်ကြီးတဲ့ ဒေါ် ၀င်းမြတ်ကိုတောင်မှ အစိုးရကိုယ်စားလှယ်မလုပ်ပါနဲ့ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကတားတာပါ ဒေါ်ဝင်းမြတ်က No ကွန်ပလိန်း ဘာမှ စောဒကမတက်ပဲနဲ့ ဟုတ်ကဲ့အစ်မ ဆိုပြီးတော့ ပြီးသွားတယ်။ သူတို့ကတော့မဟုတ်ဘူး။ သူတို့မရဘူးဆိုပြီးတော့မှ အောင်နိုင်ရေးအဖွဲ့မှာလည်း ဘာမှမလုပ်ဘူး။ အရင်တုန်းက လုပ်ထားတာတွေတော့ရှိတာပေါ့လေ။ မြို့နယ်မှာ အန်အယ်လ်ဒီမှာ သားအမိနှစ်ယောက်စလုံးလုပ်ခဲ့တာတွေ မကြောက်မရွံ့လုပ်ခဲ့တာတွေရှိတာပေါ့လေ။ သို့သော်လည်း ဒီအရေးကြီးတဲ့ကာလ ရွေးကောက်ပွဲမတိုင်ခင်ကာလ သုံးလမှာ မလုပ်ဘူး မလုပ်တဲ့ ရီပို့ တွေက ကျွန်တော်တို့ဆီမှာ ရှိတယ်။ ဒါပေမယ့် သူတို့က လုပ်တယ်လို့ပြောတယ်။ လုပ်တာ သူတို့အိမ်မှာထိုင်နေရင်းနဲ့ ဟိုနားသွားလုပ်လိုက်ဒီနားသွားလုပ်လိုက် ကျွန်တော်တို့ အောင်နိုင်ရေးအဖွဲ့နဲ့ ပူးပေါင်းမလုပ်ဘူး။ အဓိကချွင်းချက်က အဲ့ဒါပဲ။

ကျွန်တော်တို့ ကိုယ်စားလှယ်တွေအတွက် အောင်နိုင်ရေးမလုပ်ပေးဘူး။ အောင်နိုင်ရေးကော်မတီ တွေနဲ့ ပူးပေါင်းမလုပ်ဘူး။ အဲ့ဒါတွေအရေးယူရမှာ ကြာလှပြီ မယူခဲ့သေးဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ဒီမှာ အစည်းအဝေးမှာ လုပ်တဲ့အခါကျတော့ ဒေါ်မီးမီးနဲ့ သားအမိကို အဲ့ဒါကြောင့်မိုလို့အရေးယူရတော့မယ် သူတို့ဟာသူတို့လည်း မကျေနပ်ဘူးပေါ့။ ပြောတာမှ ကတ်ကတ်လန်နေတာပဲ ကတ်ကတ်လန် သမီးလေးဆို တခါတည်းရန်တွေ့တာ။ အဲ့ဒါတွေက ကိစ္စမရှိဘူး အစည်းအဝေးထဲမှာ ဒီမိုကရေစီနည်းကျလုပ်တဲ့အခါကျတော့ ပြောပစေ။ သည်းခံတယ်။

ဒေါ်ခင်မိုးမိုးက မတက်ဘူး။ ဒေါ်ခင်မိုးမိုးက မတက်တော့ ဒေါ်ခင်မိုးမိုးကဒီအပြစ်တွေ ဒီချို့ယွင်းချက်တွေရှိတယ်။ ဒါကြောင့်မို့အရေးယူရမယ်ဆိုပြီး တက်လာတဲ့ လူတွေကိုပြောလိုက်တယ်။ အဲ့ဒီတော့ အဲ့သုံးယောက် ငါးယောက်ရှိတာ နှစ်ယောက်ကနှုတ်ထွက်ထားတယ် သုံးယောက်ကိုတော့ ရာထူးက ဖယ်တယ်။

တောင်ကြီးက လူက ကြမ္မာငင်တာ။ တင်မောင်တိုးက။ သူနဲ့ကျွန်တော်လည်းသိလည်းမသိဘူး နာမည်တော့ ကြားဖူးတာပေါ့။ သူလည်း ကျွန်တော့်နာမည်ကြားဖူးမယ်။ တခါမှတော့ စကားမပြောဖူးဖူး။ အဲ့ဒီတော့ တောင်ကြီး ကို စနေနေ့ညတက်သွားတယ် ညမှာ တစ်ယောက်က ကျွန်တော့်ကို ဖေ့ဘွတ်လာပြတယ်။ ဒီလောက် အရေးကြီးတဲ့အချိန်မှာ ဟိုလူကြီးက တောင်ကြီးကို ဘာလာရှုပ်တာလဲ နက်ဖြန် တွေ့မယ် အဲ့လိုရေးတယ် ဆိုတော့။ ဟိုလူကြီးကဆိုတဲ့ စကားကတော့ ထားလိုက်။ ဒါ ၀သီအရ။ ဟိုဘဲကြီးကတို့ ဘာတို့ ပြောမှာ လာရှုပ်တယ်ဆိုတဲ့ ကိစ္စက ပါတီဝင်ချင်း ပြောရမယ့် စကားမဟုတ်ဘူး။ နောက်ပြီးတော့ မနက်ဖြန်တွေ့မယ်ဆိုတာ ခြိမ်းခြောက်တာ Challenge လုပ်တာ။ ဒါတွေ ထားလိုက်အုံး။ ဒါအပြစ်ယူလို့ မရဘူး။

နောက်ဖေ့ဘွတ်ခ် ကျတော့ ဘာလဲဆိုတော့ နိုင်ငံရေးဆိုတာ သမိုင်းပဲတဲ့။ ရာထူးမဟုတ်ဘူး။ စီအီးစီဆိုတာ ငွေရှိရင် ၀ယ်လို့ရတာပဲ။ အဲ့ဒီလိုလုပ်တဲ့ အခါကျတော့ ပါတီစည်းကမ်းဖောက်သွားပြီ။

အဲ့ဒီအစည်းအဝေးကို သူလာတက်တော့ မင်း ဒါတွေ ဒါတွေ ရေးလို့မင်းကိုထုတ်လိုက်ပြီ ဟာခင်ဗျားမှာ ထုတ်ခွင့်မရှိဘူး အေး ထုတ်ခွင့်ရှိလို့ငါထုတ်တာ လို့ပြောတယ်။ ငြင်းခုန်တာပေါ့။ ကျွန်တော်အဲ့မှာ အနံ့ရတယ်။ အနံ့ရတယ် ကျွန်တော်ရပ်ခပ်နေရတယ်။ သောက်တာလဲဖြစ်နိုင် တယ် ညကသောက်ထားတဲ့ရှိန်လဲဖြစ်နိုင်တာပေါ့။ ဒါအရက်သမားရဲ့ထုံးစံပေါ့။

အဲ့ဒီမှာ ကျွန်တော်မထွက်ဘူး ထွက်မယ် ထွက်ချင်ထွက်မထွက်ချင်နေမင်းကို ငါ ထုတ်လိုက်ပြီ ပြောလဲမပြောနဲ့ မင်းပြောတာလည်း အရေးမယူတော့ဘူး ဘာမှ အက်ရှင် မယူတော့ဘူး ပြောလိုက်တော့တယ်။ အဲ့ဒီတော့ တင်မောင်တိုး(ခေါ်)မောင်တိုးနဲ့ နောက် ဒေါ်မီးမီး သားအမိရယ် ဒေါ်ခင်မိုးမိုးရယ် အဲ့ဒီလိုနဲ့ အရေးယူလိုက်တာ ပြန်လာတဲ့အခါမှာ အတွင်းရေးမှုးတွေ အကုန်သတင်းပို့ တယ် ကျွန်တော်ဘာလုပ်တယ်ဆိုတာ အားလုံးငါးယောက်ရှိတာ ကိုဝင်းမြင့်ရယ် ဒေါက်တာဇော်မြင့်မောင်ရယ် နောက် ဦးဟံသာမြင့်တို့ ဦးဉာဏ်ဝင်းတို့ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆီလဲ သတင်းပို့တယ်။ ကျွန်တော် ဒီလိုလုပ်ခဲ့တယ် အဲ့ဒီတော့ ဒါနဲ့ပတ်သက်လို့ ပူညံပူညံတော့ကြားလိမ့်မယ် မျှော်လင့်ထားပါ ဒါပဲ

----------------------
ရှမ်းပြည်နယ်က NLD ဥက္ကဌအပါအဝင် အလုပ်အမှုဆောင်တချို့ကို ရာထူးက ဖယ်ရှားလိုက်တာနဲ့ တောင်ကြီးခရိုင် NLD ဥက္ကဌကို ပါတီကနေ ထုတ်ပယ် လိုက်မှုအပေါ် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးဖြစ်သူ ဦးဝင်းထိန်ကို မဇ္ဈိမက သီးသန့်တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်
-----------------------

The Ladies News
https://www.facebook.com/News.TheLadies


မဇ္ဈိမသတင်းဌာနသို့ NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးဖြစ်သူ ဦးဝင်းထိန်၏ ဖြေကြားမှု အပြည့်အစုံ  မဇ္ဈိမသတင်းဌာနသို့ NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးဖြစ်သူ ဦးဝင်းထိန်၏ ဖြေကြားမှု အပြည့်အစုံ Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.