![]() |
ပါတီကနေထုတ်ပယ်ခံရတဲ့ တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုးကို တွေ့ရစဉ်။ Photo: Kotoe Taunggyi/ Facebook |
ရှမ်းပြည်နယ် ဥက္ကဌ ၊ အတွင်းရေးမှူး အပါအ၀င် ၅ ဦးကို တာဝန်ကနေ ဖယ်ရှားမယ့်ကိစ္စအပေါ် မကျေနပ်ကြောင်း ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့အတွက် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က သူ့ကိုလည်း ထုတ်ပယ်လိုက်တာဖြစ်ကြောင်း ထုတ်ပယ်ခံရတဲ့ တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုး က ပြောပါတယ်။
"ကျနော်မှားလို့ရှိရင် စည်းကမ်းထိန်းသိမ်းရေးတင်ပြီးတော့မှ စည်းကမ်းထိန်းသိမ်းရေးကနေ စစ်ဆေး ရမယ်။ စစ်ဆေးပြီး ကျနော်အပြစ်ရှိတယ်ဆိုရင် သူတို့က ဆုံးဖြတ်ရမယ်။ ဒါပါတီရဲ့ လုပ်ထုံးလုပ်နည်း လေ။ ပါတီစည်းမျဉ်းကို ချိုးဖောက်ပြီး လုပ်နေတာ ဦးဝင်းထိန်။ CEC ကို ကျနော်က ဝေဖန်တယ်ပေါ့။ အဲဒါနဲ့ ဖြုတ်တာ"
ရှမ်းပြည်နယ် NLD ပါတီ ဥက္ကဌ ဒေါ်ခင်မိုးမိုးအပါအ၀င် အလုပ်အမှုဆောင်ကော်မတီဝင် ၅ ဦးဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း အောင်နိုင်ရေးမလုပ်ခဲ့ တာကြောင့် ရာထူးကနေ ဖယ်ရှားတာဖြစ် တယ်လို့ ဦးတင်မောင်တိုးက ပြောပါတယ်။
ဦးတင်မောင်တိုးကိုတော့ လူမှုကွန်ယက်ပေါ်မှာ မကျေနပ်ကြောင်း စာရေးသားတာဟာ ပါတီစည်းကမ်းနဲ့ မညီတာကြောင့် ထုတ်ပယ်တာဖြစ်ကြောင်း ဒီနေ့ ဦးဝင်းထိန် က တွေ့ဆုံပြီး နှုတ်နဲ့ပြောခဲ့တာဖြစ်ပါတယ်။
တောင်ကြီးခရိုင် ဥက္ကဌ ဦးတင်မောင်တိုးဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရှမ်းပြည် NLD ပါတီခေါင်းဆောင် ၆ ဦးကို ပါတီကထုတ်ပယ်
Reviewed by THITHTOOLWIN
on
21:05
Rating:
