![]() |
ပစ်ချခံရတဲ့ MH 17 လေယာဉ် အပိုင်းအစကို ပြန်လည်ဆက်စပ်ပုံ (Credit: ABC) |
လူပေါင်း ၂၉၈ ဦး တင်ဆောင်လာတဲ့ လေယာဉ် ပျက်ကျခဲ့ရတာနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်တွေ မထုတ်ပြန်ခင် ၂ ရက် အလိုမှာပဲ ရုရှားက သူတို့ရဲ့ စုံစမ်းမှု တွေကို အရင်ဆုံး ပြောဆိုလာတာ ဖြစ်ပါတယ်။
ရုရှား စစ်တပ်အရာရှိ Andrey Koban က သူတို့ရဲ့ ရေဒါ စနစ်အရ သူပုန်တွေ သိမ်းပိုက်ထားတဲ့ အရှေ့ဘက်ပိုင်းကနေ လက်နက်ဒုံးကျဉ် ဖြတ်သန်းသွားတာမျိုး မတွေ့ရတဲ့အတွက် လေယာဉ်ကို ယူကရိန်းစစ်တပ်ကပဲ ပစ်ချတာ ဖြစ်မယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အဲဒီလေယာဉ်ဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်တုန်းက ယူကရိန်းနိုင်ငံအပေါ် ပျံသန်းတုန်း ဒုံးကျဉ်နဲ့ ပစ်ချခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီလေယာဉ် ပျက်ကျမှုအတွင်း သြစတြေးလျ နိုင်ငံသားနဲ့ သြစတြေးလျ နိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့်ရရှိသူ ၃၈ ဦး ပါဝင်ခဲ့ပါတယ်။
တရားဝင် စုံစမ်း စစ်ဆေးမှု ရလဒ်က မကြာခင် ထွက်ပေါ်လာမှာ ဖြစ်ပြီး ဘယ်အချိန်မှာ ဘယ်လက်နက် အမျိုးအစားနဲ့ ပစ်ချခံရသလဲ ဆိုတဲ့အကြောင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။
ဘယ်အဖွဲ့က ပစ်ချသလဲ ဆိုတာကတော့ ဆက်လက် စုံစမ်းရဦးမှာ ဖြစ်ပါတယ်။
ရုရှားက သူတို့ရဲ့ ရေဒါ အချက်အလက်အရ သူပုန်ဘက်က ပစ်ခတ်တာ မဟုတ်ဘူး ဆိုတာကို ပြသနေတဲ့အတွက် ယူကရိန်းရဲ့ လက်ချက်ပဲ ဖြစ်မယ်လို့ ပြောပါတယ်။
ယူကရိန်းကတော့ သူတို့ရဲ့ ရေဒါ အချက်အလက်ကို ထုတ်ပြန်ဖို့ ငြင်းဆိုနေပြီး အဲဒီအချိန်တုန်းက ရေဒါစနစ် ပျက်စီးနေတယ်လို့ ပြောဆိုထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
MH17 ကို ယူကရိန်းက ပစ်ချလို့ ရုရှားပြော
Reviewed by THITHTOOLWIN
on
19:28
Rating:
