မီဒီယာ ၂ ခုကို Melania Trump တရားစွဲ

Donald Trump နဲ့ ဇနီးသည် Melania Trump (Credit: Reuters) 
Donald ​Trump ​ရဲ့ ​ဇနီးသည် ​Melania ​Trump ​ဟာ ​မော်ဒယ်လ် ​ဘဝတုန်းက ​ပြည့်တန်ဆာအဖြစ် ​လုပ်ခဲ့တယ်လို့ ​ရေးသားခဲ့တဲ့ ​မီဒီယာ ​နှစ်ခုကို ​ဒေါ်လာ ​သန်း ​၂၀၀ ​နဲ့ ​Melania ​က ​တရားစွဲဆိုလိုက်ပါတယ်။

၁၉၉၀ ​ပြည့်နှစ်တွေတုန်းက ​Melania ​ဟာ ​ပြည့်တန်ဆာအဖြစ် ​လုပ်ခဲ့တယ်လို့ ​Daily ​Mail ​Online ​နဲ့ ​Webster ​G. ​Tarpley ​ဆိုတဲ့ ​ဘလော်ဂါတို့က ​ရေးသားတဲ့အအပေါ် ​တရားစွဲလိုက်တာ ​ဖြစ်ပါတယ်။

Melania ​ဟာ ​Donald ​Trump ​ကသာ ​သမ္မတ ​ဖြစ်လာရင် ​သမ္မတကတော် ​ဖြစ်လာမှာ ​ဖြစ်လို့ ​ဒီလို ​အရေးအသားတွေဟာ ​နာမည်ပျက်စေတဲ့အတွက် ​တရားစွဲဆိုရတာ ​ဖြစ်တယ်လို့ ​Melania ​ရဲ့ ​ရှေ့နေတွေက ​ပြောပါတယ်။

တရားစွဲဆိုမှုကို ​ခံရတဲ့ ​Daily ​Mail ​ကတော့ ​အဲဒီ ​သတင်းကို ​ပြန်ရုပ်သိမ်းလိုက်သလို ​အဲဒီလို ​ရေးသားမိတဲ့အပေါ် ​နောင်တရမိတယ်လို့လည်း ​တုန့်ပြန်လိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မီဒီယာ ၂ ခုကို Melania Trump တရားစွဲ  မီဒီယာ ၂ ခုကို Melania Trump တရားစွဲ Reviewed by THITHTOOLWIN on 18:47 Rating: 5
Powered by Blogger.