![]() |
ၾသစေၾတးလ် ဖယ္ဒရယ္ရဲ (Credit: AAP) |
အဲဒီလို တိုက်တွန်းမှုကို ဗစ်တိုးရီးယား ပြည်နယ် ဝန်ကြီးချုပ် Daniel Andrews နဲ့ ပြည်နယ်ရဲအရာရှိကတော့ သိပ်ပြီး မစိုးရိမ်ကြပေမယ့် သြစတြေးလျ ဝန်ကြီးချုပ်ကတော့ ဒီကိစ္စကို အလေးအနက် ထားရမယ်လို့ ပြောပါတယ်။
လာအိုနိုင်ငံမှာ ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် Malcolm Turnbull က IS က ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေမှာ တိုက်ခိုက်မှု လုပ်ဖို့ ပြောဆိုထားတာဟာ အကြံတွေ ကုန်လာလို့ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
အခုဆိုရင် ဆီးရီးယားနဲ့ အီရတ်မှာ IS တွေ ပိုပြီး ထိုးစစ်ဆင်ခံနေရပြီး သိမ်းပိုက်ထားတဲ့ နယ်မြေတချို့ လက်လွတ်ဆုံးရှုံးရတဲ့အတွက် အဲဒီလို ရှုံးနိမ့်မှုကို တုန့်ပြန်တဲ့အနေနဲ့ ပြည်ပနိုင်ငံတွေမှာ အကြမ်းဖက်မှုတွေ ပိုလုပ်နိုင်တယ်လို့ ဝန်ကြီးချုပ်က သတိပေးလိုက်ပါတယ်။
IS ရဲ့ လုပ်နိုင်ရည်ကတော့ သူတို့ ပြောသလောက် မလုပ်နိုင်ပေမယ့် သတိကြီးကြီးတော့ ထားရမယ်လို့ ပြောပါတယ်။
IS မဂ္ဂဇင်းမှာ သြစတြေးလျကို ခြိမ်းခြောက်ထားပေမယ့် သြစတြေးလျ အစိုးရကတော့ အကြမ်းဖက် တပ်လှန့်မှု အဆင့်ကို ဖြစ်နိုင်ခြေ ရှိတယ် ဆိုတဲ့ အဆင့်မှာပဲ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
သြစတြေးလျ နိုင်ငံမှာ အကြမ်းဖက်မှုအတွက် သတိထားကြသလို အာဆီယံ အစည်းအဝေးနဲ့ အရှေ့အာရှ ညီလာခံ ကျင်းပနေတဲ့ လာအိုနိုင်ငံမှာလည်း ကမ္ဘာ့ခေါင်းဆောင်တွေအတွက် လုံခြုံရေးတွေ အထပ်ထပ် ချမှတ်ထားတယ်လို့ သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
သြစီမှာ အကြမ်းဖက်မှုလုပ်ဖို့ IS တိုက်တွန်း
Reviewed by THITHTOOLWIN
on
17:49
Rating:
