အမေရိကန်၌ Galaxy Note 7 အားတရားဝင်ပြန်သိမ်း

Galaxy Note 7 ကြော်ငြာဘုတ်အရှေ့ တွင်ဖြတ်လျှောက်သွားသော အမျိုးသမီးတစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)
    ဝါရှင်တန် ၊ စက်တင်ဘာ၁၆ ရက်(ဆင်ဟွာ)

    ဘက်ထရီပေါက်ကွဲခြင်း နှင့် မီးလောင်းကျွမ်းခြင်း များရှိနေကြောင်း တိုင်ကြားစာဒါဇင်ပေါင်းများစွာ လက်ခံရရှိပြီးနောက် အမေရိကန်အစိုးရသည် ဆမ်ဆောင်းကုမ္ပဏီထုတ် Galaxy Note 7 စမတ်ဖုန်းများကို စက်တင်ဘာလ ၁၅ ရက်တွင် တရားဝင်ပြန်လည် သိမ်းဆည်းနေပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသုံးစွဲသူများဘေးအန္တရာယ်ကင်းရှင်းရေးကော်မရှင်က စက်တင်ဘာလ ၁၅ ရက်အထိ နိုင်ငံအတွင်း၌ ရောင်းချထားပြီးဖြစ်သော Note 7 ဖုန်းအလုံးပေါင်း တစ်သန်းကျော်ကို ပြန်လည်သိမ်းဆည်းရန် သတိပေးထားကြောင်း ပြောကြားခဲ့သည်။“ Note 7 သုံးနေသူတွေအနေနဲ့ အသုံးပြုတာကို ချက်ခြင်းရပ်ဆိုင်းသင့်ပါတယ်။ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက် မတိုင်မီ ဝယ်ထားတဲ့ ဖုန်းတွေကို ပြန်လည်သိမ်းဆည်းသွားမှာပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“ လက်လီဝယ်ထားတာဖြစ်ဖြစ် ဒါမှမဟုတ် samsung.com အွန်လိုင်းပေါ်ကဝယ်ထားတာဖြစ်ဖြစ် Galaxy Note 7 ရဲ့ အခြားဘက်ထရီ အသစ်တစ်လုံးကို ပိုက်ဆံပေးဖို့ မလိုဘဲ အလကား ထပ်ယူလိုရပါတယ်။ ငွေပြန်အမ်းတာဖြစ်ဖြစ် ဘက်ထရီအသစ်ထပ်လဲတာဖြစ်ဖြစ် ကြိုက်ရာရွေးလို့ ရပါတယ်” ဟုဆိုသည်။

အမေရိကန်နိုင်ငံ၌ Note 7 ဖုန်းဘက်ထရီ အပူလွန်ကြောင်း တိုင်ကြားမှု ၉၂ မှု လက်ခံရရှိကြောင်း ၊ ၄င်းတို့ အနက် ၂၆ မှုမှာ လုံးဝမီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း နှင့် ကား အတွင်း နှင့် ဆီဆိုင်များတွင် မီးလောင်ကျွမ်းမှုများဖြစ်ခြင်း အပါအဝင် ၅၅ မှုမှာ  ဖုန်းပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် Note 7 စမတ်ဖုန်းများ စတင်ရောင်းချခဲ့သည့် သြဂုတ်လမှ စတင်ကာ ကမ္ဘာတစ်ဝန်း၌ အလုံးရေပေါင်း ၂.၅ သန်းကျော်ကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန်၌ Galaxy Note 7 အားတရားဝင်ပြန်သိမ်း  အမေရိကန်၌ Galaxy Note 7 အားတရားဝင်ပြန်သိမ်း Reviewed by THITHTOOLWIN on 11:50 Rating: 5
Powered by Blogger.