ကရင်ပြည်နယ် မြ၀တီမြို့ နယ် တရားရုံးမှ facebook လူမှုကွန်ယက် စာမျက်နှာတွင် နိုင်ငံတော် သမ္မတဦးထင်ကျော်အား ဂုဏ်သိက္ခာညှိုးနွမ်းစေအောင် ရေးသား ဖော်ပြခဲ့သူ ဦးအောင်ဝင်းလှိုင်(ခ) အညာသားအား အလုပ်နှင့် ထောင်ဒဏ် (၉) လ ကျခံစေရန် ယနေ့ စက်တင်ဘာလ(၂၃)ရက်နေ့ မှာ အမိန့်ချလိုက်ကြောင်း သိရှိရပါသည်။
FB လူမှုကွန်ယက်စာမျက်နှာတွင် ဦးအောင်ဝင်းလှိုင်(ခ)အညာသား ၏ ရေးသားချက်အပေါ် နိုင်ငံတော် သမ္မတကြီးအား ဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဟုဆိုကာ မြဝတီမြို့နယ် NLD ပါတီမှ မြို့နယ်အလုပ်မှုဆောင်ကော်မတီဝင် ဒေါ်မိုးသူ မှ တရားလိုပြုလုပ်၍ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ဦးအောင်ဝင်းလှိုင်(ခ) အညာသားအား မနက်ဖြန် 24 - 9 -2016 စက်တင်ဘာလ (၂၄) ရက်နေ့တွင် တောင်ကလေး အကျဉ်းထောင်သို့ ပို့ဆောင်မည်ဟု သိရှိပါသည်။
နေနော် (မြဝတီ)
by သစ်ထူးလွင်
facebook မှာ နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာညှိုးနွမ်းအောင် ရေသား ဖော်ပြသူ ထောင်ဒဏ်ချမှတ်ခံရ
Reviewed by THITHTOOLWIN
on
17:44
Rating:
