အဓမ္မပြုကျင့်ခံရတဲ့ အသက် ( ၁၅ ) နှစ်အရွယ် (၉)တန်းကျောင်းသူ ကလေးမလေးတစ်ဦးရဲ့ ရင့်နှင့်ဖွယ် ဖြစ်ရပ်နှင့် facebook ပေါ်မှ ရိုက်ခတ်သံ


အသက် ( ၁၅ ) နှစ်အရွယ် ကလေးမလေးတစ်ဦးရဲ့ ရင့်နှင့်ဖွယ် ဖြစ်ရပ်ပါ - မိဘတိုင်း ဂရုပြု နိုင်ဖို့ ပါ
( ကလေးငယ်ကိုယ်တိုင် သူ့ မိဘရှေ့ - လူကြီးများရှေ့မှာ ပြောပြထားတာတွေပါ- ကျွန်တော်နဲ့ ( ၂ ) နာရီတွေ့ ဆုံပြီး ပြောထားတဲ့ ဖြစ်ရပ်တွေ ပါ - ကလေးမိဘတိုင်း အချိန်မီ သိရှိပြီး ကြိုတင် ကာကွယ်နိုင်ဖို့ ရည်ရွယ် ပါ တယ် )

ကလေးမလေး အသက် က ( ၁၅ ) နှစ် ( ၉ ) တန်းကျောင်းသူလေး- မိဘတွေ ခဗျာ ချစ်ရှာလို့  အိမ်ကနေ ကျောင်း- ကျောင်းကနေ အိမ်မျက်စိအောက်က အပျောက်မခံခဲ့ဘူး- လမ်းဘေးထမင်းဆိုင်ဖွင့် ဈေးရောင်းနေပေမယ့် သမီးငယ်ကို အိမ်မှာဘဲ မိုးလေမထိ ယုယုယယ ဂရုတစိုက်ချစ်ခဲ့တယ်

ကလေးမလေးက စာကျက်ရင်း အွန်လိုင်းသုံးရင်းနဲ့ Bee talk မှာ အမှတ်မထင် လူယုတ်မာ တစ်ယောက်နဲ့ ရည်းစားဖြစ်တယ်- နာမည်က သန်းကိုကိုမောင် - အရပ်က ၅ ပေ ၈ ၀န်းကျင်- သူ့ ကိုယ်သူ အသက် ( ၂၀ )လို့  ပြောတယ်- ( အသက် ၂၀ တော့မဖြစ်နိုင်ပါ )

အဲ့လို နဲ့  တစ်လလောက်အကြာမှာ လူချင်းတွေ့ ဖို့ လှည်းတန်း စင်တာရှေ့မှာ ချိန်းကြတယ်- ကလေးမလေးက အိမ်နေရင်း အ၀တ်အစား- လက်ထဲမှာလဲ ပိုက်ဆံ တစ်ထောင်ပဲ ပါတယ်- အိမ်ကနေ ခဏ ထွက်လာခဲ့တာ-

၅-၉-၂၀၁၆
 နေ့ လည် ( ၁၂ ) ၀န်းကျင် လှည်းတန်းစင်တာရှေ့ တွေ့ ကြတော့ သန်းကိုကိုမောင်က ကလေးမလေးကို sunkist ဗူး တိုက်ပါတယ်- မသောက်ချင်ဘူးငြင်းပေမယ့် အတင်းသောက်ခိုင်းလို့ ထက်ဝက်လောက် သောက်အပြီးမှာ ကလေးမလေး ဘာမှ မသိတော့ဘူး- သူ သတိရလာတော့Taxi ကားထဲ ရောက်နေပြီ- အိမ်တစ်အိမ်မှာ ကားရပ်တယ်- အိမ်ထဲမှာ သတိရသလောက်က ကိုကိုမောင် အမေက ကြည့်နေတယ်-
အစ်မ ဖြစ်သူက ကြက်ဥကြော် နဲ့ ထမင်းကျွေးဖို့ ပြင်ဆင်နေတယ်။

အဲဒီည နိုးတ၀က် အိပ်တ၀က် - သတိရလိုက် မရလိုက်နဲ့ - မနက်မိုးလင်းတော့ လိမ္မော်ရည် ထပ်တိုက်ပါတယ်- ကလေးငယ်လေးက သူ့ ကိုေ၇ာင်းစားတော့မှာကို သတိမရနိုင်လောက်တဲ့ထိ ဆေးရှိန်မှာ မျောလွင့်နေပါပြီ။

၆-၉-၂၀၁၆
Taxi ကား ဟိုတယ်ရှေ့ တခုမှာ ရပ်လိုက်တာတော့ သိလိုက်တယ်- မနက် ( ၁၀ ) နာရီဝန်းကျင်- သူဟာနိုးနေလား အိပ်နေလားသူ့ ဘာသာ ပြန်မစဉ်းစားနိုင်ဘူး- သူ ကြိုးစား အားယူထတဲ့ အချိန် အခန်းထဲကို လူတစ်ယောက် ၀င်လာတယ်-အသားမည်း အရပ်ပု- ဆံပင်ဆေးဆိုး ( အနီရောင် )-ဆံပင်စည်းထား- လက်မှာ ကားသော့ ကိုင်ထား၊

ကလေးငယ်လေး ကြိုးစားထပေမယ့် မရဘူး- ကြိုးစားရုန်းကန်တယ် -မရဘူး ဘီလူးစိတ်ထက် ဆိုးရွားကြမ်းတမ်းတဲ့ ကာမဘီလူးဟာ ကလေးငယ်ကို လုပ်သင့်လား-မလုပ်သင့်လား-သနားညှာတာမှု မရှိ - ကိုယ်သားသမီးအရွယ် နှမအရွယ်လေးကို ရက်ရက်စက်စက် နင်းချေတော့တယ်၊

အမေ တ ချိန်မရ- အဖေလို့ အော် ခေါ်ချိန် မရ- တခါမှ မရောက်ဘူးတဲ့ ဟိုတယ်က အမှောင်ခန်းထဲ ငရဲပွက်သလို-

( သန်းကိုကိုမောင်က ပါကင်ကြေး ၃ သိန်းကနေ ၅ သိန်းဝန်းကျင် နဲ့ေ၇ာင်းစားထားတာ ကလေးမလေး မသိ- အသိက ထပြေးဖို့  နိုးဆော်ပေမယ့် ခန္ဓာကိုယ်တခုလုံး ထလို့ မရ )



ကာမဘီလူး ထွက်သွားလို့ တအောင့်အကြာ ကိုကိုမောင် ပြန်ဝင်လာတယ်- ဘာဆိုဘာမှ မပြောဘဲ သားမယားအဖြစ် ( ၃ ) ကြိမ်ဆက်တိုက် ပြုကျင့်တယ်- ည ရောက်တော့ ( ၂ ) ကြိမ် -

၇-၉-၂၀၁၆
 မနက်မှာလဲ လိမ္မော်ရည်တွေ ထပ်တိုက်ပါတယ်- နေ့ ည သားမယားအဖြစ် ထပ်မံပြုကျင့်ပြန်တယ်-ကလေးငယ်ကို ဘာမှ မကျွေးပါဘူး-ရေလဲ မချိုးရ- ရေလဲ မသောက်ရ လိမ္မော်ရည် တမျိုးတည်းကိုသာ နေ့ ည အဆက် မပြတ်တိုက်ပါတယ်-

ကလေးမလေးကို ရောင်းစားတဲ့ အပြင် ကလေးမလေး အိမ်ကိုပါ ငွေ ပို့ ပေးဖို့  လှမ်းတောင်းပါတယ်- အဲ့လိုကနေ ကလေးမလေး ရဲ့ မိဘတွေကလဲ ပရဟိတအဖွဲ့ တွေ- ရဲတပ် ဖွဲ့ တွေနဲ့ ငွေတောင်း ခံတဲ့ နေရာကတဆင့် အပူတပြင်း လိုက်လံရှာဖွေရှာမှာ -

၈-၉-၂၀၁၆
မနက် ( ၃ ) နာရီ - မ-ဒဂုံ က ဟိုတယ် တခုအတွင်းမှာ လူယုတ်မာ ကိုကိုမောင်နဲ့ အတူ ကလေးငယ်ကို အမိဖမ်းနိုင်ခဲ့ပါတယ်။


ဟိုတယ်အတွင်း ၀င်ရောက်ဖမ်းဆီးချိန်မှာ ကလေးငယ်လေးက ဆေးရှိန်နဲ့ အသိကင်းမဲ့ နေပါပြီ- ရဲတွေ့ လို့ ဝမ်းမသာ- အဖေအမေတွေ့ တာတောင် ဘာခံစားချက်မှ မရှိ- အားပြတ် အဆံချောင်နေတဲ့ မျက်လုံးတွေနဲ့ သာ ငြိမ်သက် နေ တော့တယ်။


ဒါဟာ ကျွန်တော်တို့ ကြားကြားနေရတဲ့ ရေဆူဆေးပြားလို အရာမျိုးလား- ဒီထက် အားကောင်းတဲ့ ဆေးတွေလား- တဖက်နိုင်ငံ နဲ့ နယ်စပ်တွေမှာသာ ကြားဖူးတဲ့ အဖြစ်အပျက်တွေ ဟာ ကျွန်တော်တို့ နေထိုင်ရာ ပတ်ဝန်းကျင်ထိ ရောက်ရှိလာပြီလား-

တွေးစရာ မေးခွန်းတွေဟာ တသီတတန်းကြီး ထွက်ပေါ်လာတော့တယ်။

ကလေးငယ်ကို ဖျက်စီးခဲ့တဲ့ သန်းကိုကိုမောင်ကလဲ ဒီအဖြစ်ဟာ ပထမဆုံး အကြိမ်မဟုတ် - သူ့ နဲ့  သူ့ မိသားစု ပူးပေါင်းကြံစည် လုပ်စားနေတဲ့ အသက်မွေးဝမ်းကြောင်း တခုလဲ ဖြစ်နေဟန်ရှိတယ်။

( ရပ်ကွက်လူကြီးတစ်ယောက် ပြောတာကတော့ သန်းကိုကိုမောင်ဟာ အရင်ကတည်းက ခုလို နာမည် ထွက်နေပေမယ့်- လာတိုင်တဲ့သူ မရှိလို့ -သက်သေမရှိလို့  သူကံကောင်းနေတာလို့ ပြောပါတယ်- တခြားသော ကလေးမိဘတွေလဲ မရှက်မကြောက်ဘဲ သူ့ ကို တိုင်ကြားဖို့  လိုတယ်လို့ လဲ ပြောပါတယ် )

အခုတော့ တရားခံကို စစ်ဆေးနေပြီး ကလေးငယ်ကလဲ မိဘရင်ခွင်ကို ရောက်ရှိခဲ့ပါပြီ- နောက်ဆက်တွဲ အကြောင်းအရာများကို တခြားကလေးမိဘများ သိရှိနိုင်အောင် ဆက်လက် ဖော်ပြပေးပါ့မယ်။

မိဘတိုင်း ဒီလို ဖြစ်အင်တွေကို သတိပြုပြီး ကိုယ့်ရင်သွေးတွေကို ကာကွယ်စောင့်ရှောက် နိုင်ကြပါစေဗျာ-

ဖိုးဇော်
09795405022
13-9-2016
( ကလေးငယ်ကို တွေ့ ဆုံနှစ်သိမ့်ဆွေးနွေးနေပြီး လိုအပ်သော အကူအညီများကိုလဲ ဆက်လက်ပေးသွားပါ့မယ် )

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ