မြန်မာပြည်ကို ပြစ်တင်ဖို့ EU မတောင်းဆိုတော့

ကုလသမဂ္ဂ အထွေအထွေညီလာခံမှာ စက်တင်ဘာလ ၂၁ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။ Photo: UN Photo/Cia Pak
ဥရောပနိုင်ငံများအဖွဲ့ EU က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုတွေကို ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ဂုဏ်ပြုတင်ပြခဲ့ပြီး ၁၅ နှစ်ခန့် ဆက်တိုက် တင်သွင်းလာ ခဲ့တဲ့  မြန်မာပြည်အပေါ် ပြစ်တင်ရှုံ့ချတဲ့ဆုံးဖြတ်ချက် ချမှတ်ရေး အဆိုကို အခုနှစ်မှာ EU အနေနဲ့ တင်ပြတောင်း ဆိုတော့မှာ မဟုတ်ကြောင်း သောကြာနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Federica Mogherini ဖေဒေရီကား မိုဂေရိနီ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင် ငံရေးအကျဉ်းသားဘဝကနေ အာဏာရရှိလာမှု အဆုံး မြန်မာပြည်ရဲ့ ထူခြားစွာ ပြောင်းလဲတိုးတက်မှုတွေ ဆက်လက်ဖြစ်ထွန်းနေတာကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ချီးကျူးတင်ပြခဲ့ပါတယ်။

မြန်မာအစိုးရဟာ လူ့အခွင်အရေးတွေ တိုးတက်အောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ပြည် တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပြန်လည် စတင်နိုင်ခဲ့ကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း  လွှတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း ဥရောပသမဂ္ဂအကြီးအကဲက ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မြန်မာပြည်ကို ပြစ်တင်ဖို့ EU မတောင်းဆိုတော့ မြန်မာပြည်ကို ပြစ်တင်ဖို့ EU မတောင်းဆိုတော့ Reviewed by THITHTOOLWIN on 12:36 Rating: 5
Powered by Blogger.