![]() |
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Cameron |
အသက် ၄၉ နှစ်အရွယ် မစ္စတာ Cameron က သူဝန်ကြီးချုပ်ရာထူးကနေ အနားယူဖို့ ပြောကြားတဲ့အချိန်တုန်းက သူ့အနေနဲ့ ကွန်ဆာဗေးတစ်ပါတီထဲမှာ ခေါင်းဆောင်နေရာမှာ မရှိတော့ပေမယ့်လည်း လွှတ်တော်ထဲမှာ ဆက်နေသွားဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့တာပါ။
ဗြိတိန်နိုင်ငံအလယ်ပိုင်း Oxfordshire မဲဆန္ဒနယ်ကို တခြားတယောက်က ကိုယ်စားပြုနိုင်ဖို့အတွက် သူ့အနေနဲ့ အဲဒီ မဲဆန္ဒနယ်ကို ကိုယ်စားပြုခြင်းကနေ အနားယူတော့မယ့်အကြောင်း ၀န်ကြီးချုပ် Theresa May ကို ပြောကြားခဲ့တယ်လို့ မစ္စတာ Cameron က ပြောပါတယ်။
လွှတ်တော်အတွင်းမှာ သူရှိနေခြင်းက အစိုးရအတွက် အနောက်အယှက်ဖြစ်လာလိမ့်မယ်လို့ သူ့အနေနဲ့ ခံစားရကြောင်း ဘီဘီစီ သတင်းဌာနကို မစ္စတာ Cameron က ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Cameron လွှတ်တော်ကနေ နှုတ်ထွက်မည်
Reviewed by THITHTOOLWIN
on
07:59
Rating:
