ဖိလစ်ပိုင်နိုင်ငံ Bobon အရှေ့ တောင်ပိုင်း ၃၅ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်
![]() |
ဖိလစ်ပိုင်နိုင်ငံ၌ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ပြင်းအား ၇.၁ အဆင့်ရှိ ငလျင်ဒဏ်ခံရပြီးနောက် အပျက်အစီးပုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) |
ဖိလစ်ပိုင်နိုင်ငံ Bobon၏ အရှေ့ တောင်ပိုင်း ၃၅ ကီလိုမီတာအကွာခန့် တွင် ဗဟိုပြု၍ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခုသည် စက်တင်ဘာလ ၂၃ ရက် ဒေသစံတော်ချိန် ည ၁ဝနာရီ ၅၃ မိနစ်ခန့် က လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ပထဝီမြေပြင်တိုင်းတာရေးအဖွဲ့ က ဆိုသည်။
အဆိုပါ ငလျင်သည် မြေပြင်အောက် ၆၉.ဝ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ငလျင်တည်နေရာမှာ မြောက်လတ္တီကျူ့  ၆.၇ ဒီဂရီ နှင့် အရှေ့ လောင်ဂျီကျူ့ ၁၂၆.၆ ဒီဂရီ အတွင်း လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ဖိလစ်ပိုင်နိုင်ငံ Bobon အရှေ့ တောင်ပိုင်း ၃၅ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်
Reviewed by THITHTOOLWIN
on
17:36
Rating:
