စက်တင်ဘာ (၅) ရက်
၅.၉.၂၀၁၆ ၀၀း၁၅ နာရီခန့်တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့ မီးသတ်တပ်ဖွဲ့ရုံး မီးသတ်ကား နှင့်အုတ်နံရံဘေးနေရာမှာ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ယင်းပေါက်ကွဲမှုကြောင့် အနီးရှိ မီးသတ်ကား ထိခိုက်ပြီး ဆီတိုင်ကီပေါက် မီးလောင်ခဲ့သည်။
မီးသတ်ရဲဘော်များအချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးကူးစက်မှုမရှိခဲ့ပါ။
B.E တပ်ရင် မိုင်းကျွမ်းကျင်သူများရောက်လာပြီး မိုင်းမှာ ၆၀မမ ဗုံးသီးကို ဒလက်ဖြုတ် စနက်တန်တတ်ပြီ ချိန်ကိုက်ဗုံးပုံစံ ဆင်ထားသော လက်လုပ်မိုင်းတစ်ခု ဖြစ်ကြောင်း ပြောကြားသွားသည်။
တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်
သတင်း - ဓါတ်ပုံ ။ ။ Dawna Aungtoe
https://www.facebook.com/dawna.aungtoe
ကော့ကရိတ် မီးသတ်ရုံးအတွင်း လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲ
Reviewed by THITHTOOLWIN
on
09:48
Rating:
