![]() |
ဓါတ်ပုံ - Minyar Zar Facebook |
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ဇီးတောကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉၈)၊ ၀ယာဘုတာဘောင်နှင့် ကိုက် ၅၀၀ ခန့်အကွာ ဖူလုံကျေးရွာ နှင့် ကျွန်းဘိုကျေးရွသွား မြေသားကားလမ်းဘေး မြောင်းထဲတွင် အမျိုးသမီးတစ်ဦးမှောက်လျှက် အနေအထားဖြင့် သေဆုံးနေကြောင်း ဇီးတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ခိုင်မှ ဖုန်းဆက်အကြောင်းကြားချက်အရ မအူရဲကင်းမှူး ရဲအုပ်ထွန်းထွန်းဦး နှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
မြေသားကားလမ်းဘေး ရေမြောင်းထဲတွင် အသက်(၃၀)နှစ်ခန့်ရှိ အမည်မသိအမျိုးသမီးတစ်ဦးမှာ အပေါ်အင်္က်ျီ၊အောက်ထမီ၊ဖိနပ်မပါ အတွင်းခံအင်္ကျီ၊အတွင်းခံ ဘောင်းဘီဝတ်ဆင်ထားပြီး ၀ဲချိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ၊ ကျောကုန်းထိုးသွင်းဒဏ်ရာ၊ ၀ဲဒူးအောက်ထိုးသွင်းဒဏ်ရာ၊ အောက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိရသဖြင့် ရဲမှုခင်းဆေးစာဖြင့် ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားရှိခဲ့ခြင်းဖြစ်ကြောင်းအမှုစစ်၏စစ်ဆေးချက်အရသိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မသိအမျိုးသမီးအား သတ်သွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ရဲအုပ်ထွန်းထွန်းဦးမှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့် ရေစကြိုမြို့နယ်၊ မြို့မရဲစခန်းမှ (ပ) ၉၃၉/၂၀၁၆ ၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
အသတ်ခံရသည့် အမည်မသိအမျိုးသမီး တစ်ဦးအား မြောင်းအတွင်းမှတွေ့ရှိ
Reviewed by THITHTOOLWIN
on
15:53
Rating:
