ခန္တီးမြိုနယ် နမ့်စီပွန်ကျောက်စိမ်းမှော်တွင် ရေမဆေး ကျောက်ရှာဖွေသူ ပိုမိုများပြားလာ


စက်တင်ဘာ ၁၄ ။

ခန္တီးမြို့နယ် နမ့်စီပွန်ကျောက်စိမ်းမှော်တွင် ရေမဆေး ကျောက်ရှာဖွေသူများယခင်ထက် ထက်ဝက်ကျော်များ ပြားလာသဖြင့် ပြသနာမဖြစ်ရန်ထိန်းသိမ်းလုပ်ဆောင် နေရကြောင်း တူးဖေါ်ရေး ကုမ္ပဏီတစ်ခု၏ မန်နေဂျင်း ဒါရိုက်တာတစ်ဦးက ပြောသည်။

ကျောက်စိမ်းတူးဖေါ်ရေးကုမ္ပဏီ ၈-ခုရှိ၍ မေလ နောက်ပိုင်း ရေမဆေးကျောက်ရှာဖွေသူများ ၈၀၀-ကျော်ခန့် ရှိလာပြီး ပြသာနာများ ဖြစ်ခဲ့သည်ဟုဆိုသည်။

“မြေစာပုံတွေ ခြံစည်းရိုးခတ်ထားပေမယ့် ရေမဆေး ရှာသူတွေက အုပ်စုလိုက်လာရှာကြတယ်။အရင်လူ နည်းတုန်းကတော့ နှစ်ဘက်ကနားလည်မှုနဲ့ ဘာမှ မဖြစ်ပေမယ်ခုလို များလာတော့ ကိုယ့်မြေစာပုံမှာ
ကိုယ်သွားရှာတာတောင် ပြသနာရှာတယ်။”ဟု ၄င်းကပြောသည်။

၎င်းတို့သည်၁၀-ယောက်(သို့)၅-ယောက်အုပ်စုများဖြင့် ရေမဆေးကျောက်ရှာဖွေကြရာ မြေစာပုံတစ်ခုလျင်လူ ၃၀၀-ခန့်ရှိပြီးမြေစာပုံများ သယ်ယူရာတွင် အနှောက် အယှက်ပြုလုပ်ကြောင်း ကုမ္ပဏီများမှ လုပ်ငန်းအတွက် သိုလှောင်ထားသည့် စက်သုံးဆီကန်တချို့ဖေါက်ချခံ ရကြောင်းသိရသည်။

“နယ်မြေအာဏာပိုင်တွေကိုတင်ပြတယ်။ တပ်ကလည်း နယ်မြေလုံခြုံ ရေးပဲ လုပ်တာ။ ရဲတပ်ဖွဲ့ကလည်း ရွာက ကျေးရွာအမည်မပေါက်သေးဘူး။ ဖြေရှင်းတာ ခက်ခဲ တယ်လို့ ပြောတယ်။”ဟု ၄င်းကဆက်လက်ပြော ကြားသည်။

အဆိုပါ နမ့်စီပွန်တွင် ကျောက်စိမ်းထွက်ရှိသည်ကို အခြေခံပြီး ၁၉၉၀-လောက်ကစ၍ ဈေးရောင်းဈေးဝယ် ပြုလုပ်သူများလာကာ အခြေချနေထိုင်မှုများကြောင့် ကျေးရွာတစ်ခုကဲ့သို့ ဖြစ်လာပြီး ကျေးရွာအဖြစ်
အသိအမှတ်ပြုရန် တင်ပြထားကြောင်း သိရသည်။

Mandalay News
https://www.facebook.com/lin.aung.777
ခန္တီးမြိုနယ် နမ့်စီပွန်ကျောက်စိမ်းမှော်တွင် ရေမဆေး ကျောက်ရှာဖွေသူ ပိုမိုများပြားလာ   ခန္တီးမြိုနယ် နမ့်စီပွန်ကျောက်စိမ်းမှော်တွင် ရေမဆေး ကျောက်ရှာဖွေသူ ပိုမိုများပြားလာ Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.