နယ်ထိန်းရဲတပ်ဖွဲ့ ဝင် တစ်ဦးကို ဓားဖြင့် ထိုးသတ်သွားသူတွေ ဖမ်းမိ

လှိုင်သာယာမြို့နယ်အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်သော ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ရွာအခြေပြု အဖွဲ့များအား ဓားဖြင့်ရန်ပြု တိုက်ခိုက်သူ (၄)ဦးအား ပြည်သူများနှင့် ပူးပေါင်းကာ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၈

၈.၉.၂၀၁၆ရက်နေ့ ၀၀၂၀ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရပ်ရွာအခြေပြု အဖွဲ့များနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် လှိုင်သာယာမြို့နယ်၊ န၀ဒေးအိမ်ရာအနီးလမ်းပေါ်တွင် မသင်္ကာတွေ့ရှိသူ လူငယ်(၄)ဦးအား စစ်ဆေးစဉ် အဆိုပါ(၄)ဦးအနက်တစ်ဦးမှ လှည့်ကင်းတာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ရွာအခြေပြု အဖွဲ့ဝင်များအား ဓားဖြင့်ခုံခံရန်ပြု၍ ထွက်ပြေးသွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။

ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားသူများကို ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ရပ်ရွာအခြေပြုအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် န၀ဒေးအိမ်ရာ လုံခြုံရေးဝန်ထမ်းများ ပူးပေါင်း၍ဆောင်ရွက်ခဲ့ရာ ၀၂၃၀ အချိန်တွင် န၀ဒေးအိမ်ရာအနီးမှ သင်္ဃန်းကျွန်းမြို့နယ်နေ ဟန်ရှင်း (ခ)ချစ်ရင်ထူး၊ (၂၀)နှစ်၊ အင်းစိန်မြို့နယ်နေ နေလင်းထွန်း၊ (၃၁)နှစ်နှင့် လှိုင်သာယာမြို့နယ်နေ ခိုင်ဇော်ဦး၊(၂၁)နှစ်တို့(၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဆန်းလင်းအောင်မှာ ထွက်ပြေးသွားခဲ့ပါသည်။

၎င်းနောက် ၀၄၀၅ အချိန်တွင် ဆန်းလင်းအောင်အား ရဲတပ်ဖွဲ့ဝင်များနှင့် အငှားယာဉ်မောင်းများ ပူးပေါင်း၍ န၀ဒေးအိမ်ရာအနီး ရေမြောင်းအတွင်း ပုန်းအောင်နေစဉ် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံ
ဓားနှင့်အတူ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရမိခဲ့ပါသည်။

အမှုမှ ဒဏ်ရာရရှိသူရဲတပ်ဖွဲ့ဝင်မှာ ဆေးကုသမှုခံယူနေရာမှ ၀၉၄၀ အချိန်တွင် အင်းစိန်ဆေးရုံ၌ သေဆုံးသွားခဲ့သဖြင့် လှိုင်သာယာမြို့မ ရဲစခန်း(ပ)၁၉၁၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၁၁၄ မှ ၃၀၂/၁၁၄ဖြင့်
ပြောင်းလဲ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice
နယ်ထိန်းရဲတပ်ဖွဲ့ ဝင် တစ်ဦးကို ဓားဖြင့် ထိုးသတ်သွားသူတွေ ဖမ်းမိ  နယ်ထိန်းရဲတပ်ဖွဲ့ ဝင် တစ်ဦးကို ဓားဖြင့် ထိုးသတ်သွားသူတွေ ဖမ်းမိ Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.